6.

1.1K 103 0
                                    

Ep - 6

"စစ်မင်း China ကို ဘာလာလုပ်တာလဲ "

"ကျောင်းမဖွင့်ခင် ဈေးလာဝယ်တာ "

"သြော် "

စစ်မင်း ဆိုသည့် ကောင်လေးက ခပ်ငယ်ငယ် ။ အင်း ပြီးတော့ ခပ်ချောချော ....။

ဆံပင်ကို အဖြူရောင် ဆိုးထားသည်က သူ့ရဲ့ သွေးမရှိသော အသားအရည်နှင့် လိုက်ဖက်သည် ။ တီရှပ် အနက်ရောင် ခပ်ပွပွလေးကို ဒူးလောက် ဘောင်းဘီတို လေးဖြင့် တွဲဝတ်ထားတော့ ပိုပြီး လူငယ်ဆန်သည် ။

Adidas brand ကိုတော့ တော်တော် ကြိုက်ပုံရသည် ။ အင်္ကျီရော ဖိနပ်ရော Adidas တံဆိပ်တွေဖြင့် ။ ကောင်လေး လက်ထဲမှာတော့ ဝယ်လာသည့် အထုတ်တွေ အပြည့် ။

"အတော်ပဲ ဒီရောက်နေတုန်း မားကို လိုက်တွေ့လေ မင်းကို တွေ့ချင်နေတာ "

"ဒါဆို အခု လိုက်ခဲ့မယ် ငါမနက်ဖြန် ပြန်တော့မှာ "

"မင်းကလည်း မြန်လိုက်တာ "

"ကျောင်းဖွင့်တော့မှာလေ "

"ဟုတ်သားပဲ ငါလည်း ပြန်သင့်နေပြီ "

"မင်းညီမလေးက ငါ့တောင် မနှုတ်ဆက်တော့ပါလား "

စကားဝိုင်းက ရုတ်တရက် ငါ့ဖက် လှည့်လာသည် ။ သူက ဘယ်သူလဲ ငါမသိ ။

"ဆူးခက် က အတိတ်မေ့နေတာ "

"ဘယ်လို ? "

"ထိုင်းကို သွားတဲ့ လေယာဉ် ပျက်ကျတာ သတင်းကြားလား "

"အဲ့အထဲ သူပါသွားတာလား "

"အင်း ကံကောင်းလို့ မသေတာ "

ကျွန်တော် တအံ့တသြဖြင့် သူမကို ကြည့်လိုက်တော့ သူ့အကြောင်း ပြောနေတာ မဟုတ်သည့် အတိုင်း အေးအေးလူလူ ကော်ဖီ သောက်နေသည် ။

"မမှတ်မိတော့ဘူး ဆိုတော့ ကိုယ်တို့ ပြန်မိတ်ဆက်ကြတာပေါ့ "

မလိုအပ်ဘဲ ငါမည်သူနှင့်မှ မသိချင် ။
ရယ်စရာမပါဘဲ ရယ်ပြရတာမျိုးကို ငါသိပ်မုန်းသည် ။ သို့ပေမယ့် ငါတစ်ခွန်းမှ မဟရင် ပိုပြီး ထူးဆန်းနေလိမ့်မည် ။

ငါစိတ်ပျက်လိုက်တာ ....။

"ငါ့နာမည် ဆူးခက်နွယ် သူ့ညီမ "

Heartless killer !Tempat cerita menjadi hidup. Temukan sekarang