8

4K 409 14
                                    

Unicode

ပါတီပွဲကြီးက ပျင်းစရာကောင်းလိုက်တာ

Jimin တစ်ယောက် ဝိုင်ခွက်တစ်ခွက် ကိုင်ရင်း ညီးညူမိသည်

Taehyung ဆိုသည်မှာလည်း သူငယ်ချင်းကိုပစ်ကာ ဘယ်သွားနေလည်းမသိ

ပွဲကျင်းပတာ Gucci ဆိုတော့ ချစ်သူငယ်ချင်းကြီး အကြိုက်တွေ့နေမှာတော့ သေချာသည်

ဝိုင်ခွက်ကိုစားပွဲပေါ်တင်ထားခဲ့ပြီး သန့်စင်ခန်းဘက်သို့ လျှောက်လာမိသည်

Taehyung ဆီစာပို့နေရင်း လျှောက်လာသဖြင့် အရှေ့ကလူကို မမြင်ပဲ ဝင်တိုက်မိသွားသည်

"sorry နော်"

"Yoongi hyung ဘယ်သွားမလို့လဲ"

မိမိရဲ့လက်ကို လှမ်းဆွဲတဲ့ထိုသူကို ကြည့်လိုက်တော့ Jungkook ဖြစ်နေသည်

သူ့ကြည့်ရတာလည်း တော်တော်မူးနေပုံပေါက်သည်

"ကျွန်တော် Yoongi shi မဟုတ်ဘူးခင်မျ"

"ဟုတ်ပါတယ်"

"မဟုတ်ပါဘူးဆို"

"ဟုတ်ပါတယ် ကျွန်တော့်ရဲ့ Yoongi hyung ဆိုတာ သေချာတယ်"

ကဲ ခက်ပြီ အမူးသမားနဲ့ ပြန်ပြောနေလည်း ဘာမှထူးမည်မဟုတ်

"Jungkook shi ကြည့်ရတာ တော်တော်မူးနေတယ်ထင်တယ် ကျွန်တော် အခန်းပြန်လိုက်ပို့ပေးရမလား"

"အခန်း? ကောင်းသားပဲ လာပြန်ရအောင်"

ကံကောင်းသည်မှာ ပွဲတက်ရောက်တဲ့သူတွေအတွက် hotel ခန်းတွေ စီစဉ်ပေးထားသဖြင့် ထွေထွေထူးထူး နေရာရှာစရာမလို

Jungkook ရဲ့ မူးနေတဲ့ ခန္ဓာကိုယ်ကို ကုတင်ပေါ်ပစ်ချလိုက်မှပဲ အသက်ရှုချောင်သွားတော့သည်

အဲဒါတောင် အခန်းနံပါတ်ကို မနည်းမေးလိုက်ရတယ်

အိပ်ပျော်နေသောသူ့ကိုကြည့်ကာ မိမိမှာ ဘာလုပ်ရမည်မသိ

ကိုယ်နဲ့မရင်းနှီးတဲ့လူတစ်ယောက် အိပ်နေတာကို မကြည့်သင့်ဘူးဆိုပေမဲ့လည်း နေရာမှမထချင်

အိပ်ပျော်နေသောသူ့ပုံစံမှာ ကလေးလေးတစ်ယောက်လိုပင်

အချိန်ဘယ်လောက်ကုန်သွားသည်တော့မသိ တစ်ချက်သတိရလာတော့ Jungkook ဘေးတွင် မိမိက ဝင်အိပ်မိနေလေပြီ

EuphoriaWhere stories live. Discover now