15

3.5K 372 49
                                    

Unicode

"Jimin hyung..."

CEO နှင့်စကားခဏပြောပြီး studio ဆီပြန်လာတော့ အခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေသောသူ့ကို တွေ့လိုက်သည်

တစ်ပတ်လုံးလုံး ဖုန်းဆက်လည်းမကိုင် စာပို့လည်းပြန်မပို့ အခုဘာကြောင့်studioထဲ ရောက်နေတာလဲ

"hyung ဒီကို--"

"အလုပ်ကိစ္စကြောင့်လာတာ melodyတွေရေးလို့ပြီးသွားပြီလို့ကြားတယ်"

ခပ်စိမ်းစိမ်းဖြစ်နေသော မိမိတို့နှစ်ဦးဆက်ဆံရေးကို သဘောမကျလှ

"hyung ဟိုရက်ကကိစ္စ--"

"Jungkook shi ကျွန်တော် အလုပ်ကိစ္စဆွေးနွေးချင်လို့လာတာ အခြားအကြောင်းအရာတွေပြောမယ်ဆိုရင် ကျွန်တော်ပြန်တော့မယ်"

ထပြန်တော့မည့်လုပ်နေသည့် ကောင်လေးရဲ့လက်ကို ဆွဲကာ မူလနေရာမှာပြန်ထိုင်စေသည်

"အဲလိုတော့မလုပ်ပါနဲ့.... ခဏစောင့်နော် ကျွန်တော်အကြမ်းရေးထားတဲ့melodyတွေပြမယ်"

:
:
:

မျက်လုံးလေးကိုမှိတ်ကာ ကျွန်တော်ဖန်တီးထားသော သံစဉ်တို့ကို နားထောင်နေသည့်သူ

"ဘယ်လိုလဲ hyung သဘောကျရဲ့လား"

"ကောင်းတော့ကောင်းပေမယ့် ငါ့သဘောအရဆိုရင် ဒီနားလေးကို ဒီလိုပြောင်းလိုက်ရင်ကောင်းမလားလို့"

ဘောပင်လေးကို စာရွက်ပေါ်တွင်ထောက် နှုတ်ခမ်းလေးစူကာ သူပြောင်းချင်သည့်အပိုင်းကို သေသေချာချာ ရှင်းပြနေသည့်သူ့ပုံစံမှာ အလွန်ပင်ချစ်ဖို့ကောင်းနေသည်

ကျွန်တော့်ကို စိတ်မထိန်းနိုင်အောင်လုပ်နေတာပဲ

ပါးလေးကို နစ်ဝင်သွားအောင်လှမ်းနမ်းလိုက်တော့ မိမိကို အားနှင့်တွန်းထုတ်လိုက်သဖြင့် ခုံပေါ်က လဲကျကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်ဖြစ်သွားသည်

ထိုအခါမှ သူရောကိုယ်ရော နှစ်ယောက်လုံး အသိစိတ်ပြန်ဝင်လာကာ

"ကျွန်တော်တောင်းပန်ပါတယ်--"

"ဟိုလေ အဆင်ပြေရဲ့လား ရုတ်တရက်ကြီးဆိုတော့ လန့်ပြီး--"

EuphoriaWhere stories live. Discover now