"Jimin မင်းဒီမှာ ဘာလုပ်နေတာလဲ"
ဆုပေးပွဲကျင်းပနေစဉ်တစ်လျှောက်လုံး artist zone ထဲ ပြန်မလာသဖြင့် စိတ်ပူကာ သန့်စင်ခန်းထဲသို့ လိုက်ဝင်လာသော Taehyung
"Taehyungie!!!"
သူငယ်ချင်းကိုမြင်မှ ပိုငိုချင်လာကာ အပြေးအလွှားပင် ဖက်၍ငိုမိလေသည်
"ဘာလို့ငိုနေတာလဲ?"
"Jungkookie... jungkookie ကလေ... အဟင့်..."
"Jungkook??? သူကဘာဖြစ်လို့လဲ?"
"သူ... သူ့လေယာဉ်..."
"အားးးး အချိန်ကိုကြည့်အုံး ခဏနေ Artist of the Year ဆု ကြေညာတော့မှာ မင်းမရှိလို့ မရဘူးလေ"
Jimin ပြန်ပြောချိန်ပင်မရအောင် လက်ကိုဆွဲ၍ ခေါ်သွားသည့်နောက်ကို ကြောင်တောင်တောင်လေး ပါသွားသည်
ဆုကြေညာဖို့ mc စင်ပေါ်တက်လာသော်လည်း တစ်စက်လေးမှ စိတ်လှုပ်မရှားနေ
ချစ်ရသူ အခုဘယ်အခြေအနေရှိလည်းလည်းမသိ
ချက်ချင်း ပြေးထွက်သွားရအောင်လည်း ဘယ်ကိုလိုက်၍ဘယ်ကိုသွားရှာရမည်မသိ
"2018 ခုနှစ် MAMA ရဲ့ artist of the year daesang ဆုကို ရရှိသွားတဲ့သူကတော့....."
ဝုန်း
ဆုပေးပွဲကျင်းပသည့်venue တစ်ခုလုံး အမှောင်ကျသွားခဲ့သည်
လူတွေရဲ့ အလန့်တကြားအော်သံများကိုလည်း ကြားလိုက်ရသည်
"ရုတ်တရက်ကြီး အခုလို လုပ်ရတာ အားနာပါတယ်"
စင်ပေါ်မှကြားလိုက်ရသော Namjoon hyung အသံ
"ကျွန်တော်တို့ surprise performance လေး ပြင်ဆင်ထားလို့ပါ"
"ကဲ စကြလိုက်ရအောင်"
စင်ပေါ်တွင်တွေ့လိုက်ရသော လူတစ်ယောက်ကျ Jimin မိမိမျက်လုံးများကိုပင် မယုံချင်
"Jungkook???"
"ဆုမကြေညာခင် ကျွန်တော့်ကို သီချင်းလေးတစ်ပုဒ်လောက် ဖျော်ဖြေခွင့်ပြုပါ... သီချင်းနာမည်ကတော့
Angel တဲ့"________________________________