Part (4)

6K 306 4
                                    

Zawgyi

Ying တနေ့တနေ့ အလုပ်မှာပဲအာရုံစိုက်နေတာကြောင့် ပင်ပန်းပေမယ့်လည်း နေ့လည်စာစားချိန်ဆို သူနဲ့တွေ့ရလို့လားမသိဘူးပျော်မိတယ်

"ဝင်ခဲ့မယ်နော်

"Rinyin

"ဒီမှာ Yingအတွက် ကိုလုပ်ပေးထားတာစားကြည့်

Rinyinပေးတဲ့ ထမင်းဘူးလေးဖွင့်ပြီးစားကြည့်လိုက်တော့

"Wow အရမ်းကောင်းတယ် ဒါကိုကော စားသောက်ဆိုက်ရဲ့ menu ထဲထည့်မှာလား

"Yingလေးကြိုက်ရင်ထည့်လေ ကိုကတော့ အဆင်ပြေတယ်

"Rinyin ကျွန်တော့ကိုသတိထားလား

"ဘာကိုလည်း Yingလေးရဲ့

"ကျွန်တော်အခုတလောပိုပိုဝလာသလိုပဲ

"ဟဟဟားး ကောင်လေးရာ မင်းလေးကဝမှချစ်ဖို့ကောင်းမှာပေါ့

"ဟာ အဲ့ဆို အခုကြတော့ချစ်ဖို့မကောင်းဘူးပေါ့

"အင်းချစ်ဖို့ကောင်းဘူး ချစ်စရာကောင်းတာ

"ပြောတက်တယ်ကြည့်စမ်း

*ဒုန်း

"ဒါဘာဖြစ်နေတာလည်း
.
.
.
L companty ပိုင်ရှင်သူဌေးကို နေ့စဉ် နေ့တိုင်း Ying အကြောင်းတွေလျောက်တင်ရင်း ထူးဆန်းစွာ ကောင်လေး တယောက်နာမည်ပါပါလာခဲ့တယ် နေ့လည်ထမင်းစားချိန်ဆို ရုံးခန်းထဲမှာအတူစားကြတယ် ညဆိုအတူပြန်ကြတယ်ဆိုတဲ့သတင်းပဲ Lဘိုးဘိုး စိတ်မချတာနဲ့ နောက်ကြောင်းစုံစမ်းခိုင်းတော့ သူစိတ်ပူမိသွားတယ် သူ့မြေးတယောက်လုံးကို ဘဝပျက်အောင်လုပ်ခဲ့တဲ့ကောင်းလေးက အခု Yingကိုပြန်ကပ်တော့ ထပ်တူအမှားမျိုးဖြစ်မှာဆိုးလို့ ဒီနေ့ နေ့လည်စာအမှီထွက်လာခဲ့တာ

င်္ံရုံးခန်းရှေ့ရောက်တော့မဝင်ပဲ အခန်းထဲက ရယ်မောနေကြတဲ့ ယောက်ျားလေး၂ယောက်ကြောင့် အသာလေးဖွင့်ကြည့်တော့ Rinyin က Yingပါးလေးကို ဆွဲကာ ချစ်စနိုးလုပ်နေတာနဲ့တိုးတော့တာပေါ့

Rinyinလည်း Lကိုပြင်တော့ ခေါင်းငုံ့ကာ Yingနားကခပ်ခွာခွာနေလိုက်တယ်

"ဘိုးဘိုးကလည်းလာမှာကြိုမပြောဘူး

"ဘာလည်း ငါလာတော့အနှောက်အယှက်ဖြစ်သွားတာလား

My boss babyWhere stories live. Discover now