Part (10)

4.2K 193 1
                                    

Zawgyi

Ting ကျောင်းတက်နေချိန်ဆို Rui က ကျောင်းသွားချင်လာတယ် Mက နေမကောင်းမချင်းကျောင်းမသွားပါနဲ့ မြေးရယ်လို့ပြောလို့သာနေရတယ် Ying အနေနဲ့ Ruiကိုလုံးဝစိတ်မချပါ

.
.
.

2ပတ်ခန့်ကြာသော်~~~

နေပြန်ကောင်းလာပေမယ့် ဖိုးဖိုးက ကျောင်းမသွားနဲ့တာ့ အိမ်မှာပဲနေ အပြင်ကဆရာခေါ်ပေးမယ်လို့ပြောတာကြောင့် အိမ်မှာသာအနီးကပ်သင်ရတယ်

"ကဲ ဒါဆို ဒီလောက်ပဲ အကိုပြန်တော့မယ်နော်

"ဟုတ်အကို Chan

Chan က ဖိုးဖိုး သူငယ်ချင်းရဲ့ သားတယောက်ပါ ကျွန်တော့ထက် အသက် ၃နှစ်လောက်ပဲကြီးတာကြောင့် သူငယ်ချင်းလိုပဲ စကားပြောဖြစ်တယ် သူ့မှာ ညီမလေးလည်းရှိတယ် ကျွန်တော်နဲ့ ရွယ်တူပေါ့ သူတို့မောင်နှမတွေကခင်ဖို့ကောင်းပါတယ် Chanက အနုပညာ ပိုင်းစိတ်ဝင်စားတော့ ကျွန်တော့ကို piano တီးနည်းသီးသန့်လာသင်ပေးတယ်

"ညီက သင်တာ ၄ရက်ပဲရှိသေးတယ် တော်တော်တက်လွယ်တာပဲ

"အကိုတော်လို့ပါ

"ကဲအဲ့ဆို အကိုသွားပြီနော် သေချာလေ့ကျင့်ထားဦး

"ဟုတ်ကဲ့ပါ

Chan ပြန်သွားတော့ ကျွန်တော် နာရီကို လှမ်းကြည့်မိတယ် ည ၈နာရီရှိနေပြီ သူ မလာတာ ၁ပတ်ကျော်ပြီ 10ရက်နီးပါးပဲ

"သခင်လေး တံခါးပိတ်လိုက်ရတော့မလား

"အင်းပိတ်လိုက်တော့ သူမလာလောက်တော့ဘူး

မျက်နှာမကောင်းတဲ့ သူတို့သခင်လေးကြောင့် ဝန်ထမ်းများလည်း စိတ်မကောင်းကြပေ

____________________
နောက်တနေ့နံနက် Rui ကို စိတ်ပူလာလို့ ကျောင်းကိုလိုက်သွားလိုက်တယ်

"သခင်လေး ဘယ်လိုကိစ္စကြောင့်ရောက်လာတာလည်း M ကလွှတ်လိုက်တာလား

"မဟုတ်ပါဘူး ဒီအတိုင်းလာကြည့်တာပါ သက်သာသလိုနေပါ

"ဟုတ်ကဲ့ပါ လိုတာရှိရင်ခေါ်လိုက်ပါ

"ကောင်းပါပြီ

ရုံးခန်းထဲက ပြန်လာတော့ ထူးထူးဆန်းဆန်း Chanကိုတွေ့လိုက်တာကြောင့်

My boss babyWhere stories live. Discover now