Part (12) Final

7.1K 210 32
                                    

Zawgyi

ငွေကြေးဘယ်လောက်ပဲ ချမ်းသာပါစေ ဝယ်လို့မရတာတွေရှိတယ် ပျော်ရွှင်မှု တွေ ချစ်ခြင်းအစစ်မှန်တွေ လိုပေါ့ အရာရာတိုင်းဟာ ကံကြမ္မာက သတ်မှတ်ပြီးသားပဲ လူတွေ ဘယ်လောက်ပဲချစ်ကြပါစေ တနေ့ကြရင် နှုတ်ဆက်ကြရမှာပဲ ဧည့်သည်လိုမျိုး ကိုယ့်စီခဏပဲလာလည်တာပါ အချိန်တန်ရင်ပြန်မှာပဲလေ

လူ့ဘဝလိုတိုတောင်းလှတဲ့ လောကကြီးမှာ တယောက်ကိုတယောက် မေတ္တာထားပြီးနေကြတာအကောင်းဆုံးပေါ့

___________________
2Years later......

လောကကြီးက လှည့်စားလွန်းတယ် ကျွန်တော်ချစ်တဲ့ Rui က ခွဲစိတ်လိုက်တဲ့ ဒဏ်ကြောင့် သူ့မှတ်ဥာဏ်တချို့ဟာ ပျောက်ကွယ်ခဲ့တယ်တဲ့ တက်နိုင်သလောက် ကြိုးစားကြပေမယ့် ဆရာဝန်က လုံးဝပြန်ရှာလို့မရတော့ပါဘူးဆိုပဲ ရက်စက်လွန်းပါတယ် ကျွန်တော့ကို ဒီလောကမှာ ၂ခါတောင် သူ့ကြောင့် နာကျင်စေခဲ့တယ် ကျွန်တော်လည်းသူများတွေလို ကိုယ့်ရည်းစားနဲ့ လက်တွဲပြီး အေးဆေးနေချင်တာပေါ့ ဒါပေမယ့် ကျွန်တော်က အဲ့ကံမပါဘူးထင်ပါရဲ့

နိုင်ငံခြားမှာဆေးသွားကုထဲက ပြန်မလာသေးဘူး ဒါပေမယ့် ဒီနေ့ ပြန်လာမယ်လို့ M ပြောတာကြောင့် သူ့စီသွားဖို့ အားတင်းထားမိတယ် မတွေ့ရတာကြာတဲ့ မျက်နှာလေးကိုတွေ့ချင်မိပါတယ်

At airport

လေယာဉ်မဆိုက်သေးတာကြောင့် ဟိုကြည့်ဒီကြည့်လုပ်နေတုန်း တခုသတိရသွားတယ်

"ကိုယ်မင်းစီပြန်လာပြီး ကိုယ်မင်းနှလုံးသားလေးကိုပြန်လာယူမှာနော်

လို့ပြောခဲ့တဲ့သူကိုပေါ့......

Airline*** from**** arrival

သူ့လေယာဉ်းဆိုက်တယ်ကြားတာနဲ့ လှမ်းရှာမိတယ်

"သခင်လေး

"ဘာလည်းကွာ

"ဟို Mကလေ ပြန်လာပါတဲ့

"ခဏလေးငါ......

ကျွန်တော် ကျွန်တော့ Rui ကိုတွေ့လိုက်ပေမယ့် လက်ထဲက ကလေးတွန်းလှဲကိုတွန်းက ဘေးကဗိုက်ကလေးဖောင်းနေတဲ့ကောင်မလေးတယောက်နဲ့ ပြုံးရယ်ကာစကားပြောနေလေတယ် Rui မိဘတွေကလည်းပြုံးပြုံးရယ်ရယ်နဲ့ပင်

My boss babyWhere stories live. Discover now