part(3)

1.4K 139 21
                                    

Kaiနဲ့ကျွန်​​တော်​ကသူငယ်​ချင်းဖြစ်​တာနည်း​နည်း​တော့ကြာပြီ...​သေချာ​ပြောရရင် ...နှစ်​နှစ်​..​လေးလနဲ့ ဆယ့်​​ခြောက်​ရက်​ရှိပြီ...
ဒါကတကယ့်​ကိုကြာခဲ့ပါပြီ...ကြာဆိုကျွန်​​တော်​တို့နှစ်​​ယောက်​လုံးရဲ့သူငယ်​ချင်း gay ​တစ်​​ယောက်​​တောင်​..သူ့ရည်းစား​တွေနဲ့ကြိမ်​ဖန်​များစွာ ကွဲလို့ပြတ်​လို့ပြီးပြီ.....kai နဲ့ ကျွန်​​တော်​ က​တော့ " boyfriend " ဆိုတဲ့စကားလုံးနဲ့​တောင်​မှနီးနီးစပ်​စပ်​မရှိလှဘူး......

ဒါကိုစဉ်းစားကြည့်​ရင်​ဘယ်​​လောက်​ဝမ်းနည်းဖို့​ကောင်းလိုက်​လဲ...
Aoi...ကျွန်​​တော့်​ မျက်​လုံးထဲကိုမျက်​ရည်​​တွေ​ရောက်​လာပြန်​ပြီ...
ရေခဲ​သေတ္တာထဲက​ရေသန့်​တစ်​ပုလင်း​ကိုကျွန်​​တော်​မြန်​မြန်​ပဲထပ်​ယူလိုက်​တယ်​...kaiကိုချစ်​တဲ့စိတ်​နဲ့မကြာခင်​ရူး​တော့မယ့်​ကျွန်​​တော့်​နှလုံးသား​လေးကို လှုပ်​နိုးဖို့​ပေါ့....
ရေသန့်​နှစ်​ပုလင်း​လောက်​ထပ်​ကုန်​သွား​ပေမဲ့ကျွန်​​တော်​စိတ်​ဓာတ်​ကျ​နေတုန်းပဲ....အ​ရေးထဲဆို ​​စောက်ေ​ရ ကလည်းမလာဘူး...
ဒီတိုင်းဆိုတစ်​ခုခုလုပ်​မှပဲ....ဟုတ်​ပြီ...ဖုန်း..ဖုန်း​ခေါ်ရမယ်​...

'Hello ဆရာ.....​​​ရေပန်းက​အလုပ်​မလုပ်​​တော့ပြန်​ဘူး...​ကျေးဇူးပြုပြီး ကျွန်​​တော်​စိတ်​ကိုပြင်​ဆင်​ဖို့ (ရေချိုးဖို့) ဆရာဒီကိုခရီးခဏ​လောက်​ထွက်​ရလိမ့်​မယ်​.​နော်​ ..ဆရာရယ်​..​နော်​..'

'.....'

'ကျွန်​​တော်​ ဝမ်းနည်းလာတယ်​...အဲ့ဒါ​ကြောင့်​ နည်းနည်းသက်​သာ​အောင်​​ ​ရေ​တော်​​တော်​​လေးချိုးလိုက်​တယ်​...(​ရေသန့်​​တွေ )'

'......'

'မြန်​မြန်​​လေးလာ​ပေးပါ ဆရာရယ်​....ကျွန်​​တော်​အရင်​ဆုံးသီချင်း​လေးဘာ​လေး​နား​ထောင်​ထားလိုက်​မယ်​'

ကျွန်​​တော်​ဖုန်းချလိုက်​တယ်​...ပြီး​တော့​ဒေါသထွက်​ထွက်​နဲ့ပဲအိပ်​ရာထဲကိုပစ်​ဝင်​လိုက်​တယ်​...ကျွန်​​တော့်အိပ်​ရာက​တော့ရပ်​တန့်​သွားမှာမဟုတ်​တဲ့မျက်​ရည်​​တွေ​ကြောင့်​စိုရွှဲကုန်​​တော့မယ်​ထင်​ပါတယ်​...
ငနာ​ကောင်​ kaiက​တော့ သူ့​​ကောင်​မ​လေးအသစ်​တစ်​​ယောက်​နဲ့ရှိ​နေမှာ​ပေါ့...

Theory Of Love (Myanmar Translation)Where stories live. Discover now