part(7)

504 16 4
                                    


'Er....ငါ....ငါ..​လေ..'


အဟင့်​...






^_________^^_________^^_________^^_________^^_________^^_________^^_________^^_________^^_________^^_________^^_________^
'Third...မင်းဘာဖြစ်နေတာလဲ?'

'Er....ငါ....ငါ..လေ..'

'လခွမ်းလိုပဲ ကွာ...ဘာဖြစ်နေတာလဲလို့..အဲ့ဝမ်းချုပ်နေသလိုမျိုးကြီးလုပ်ပြမနေနဲ့...ငါမေးတာဖြေ..'

Kaiကကျွန်တော့်ကို ထပ်မေးပြန်တယ်...
Tooကလည်းကျွန်တော့ခြေထောက်ကိုစားပွဲအောက်ကနေလှမ်းကန်လာတယ်...
အာ....ကျွန်တော် ဘာလုပ်လိုက်ရမလဲ ?
ကျွန်တော် အဲ့တာတွေကိုပါးစပ်ကနေပြောမထွက်ပြန်ဘူး....
အဟင့်...

'ငါ....ငါ့....ငါ့မိသားစုထဲမှာ..အခုတလော.....ငွေရေးကြေးရေး ပြဿနာနည်းနည်းရှိနေလို့...ငါ့မှာအိမ်လခလည်းပေးဖို့မရှိတော့ဘူး.. အိမ်ပိုင်ရှင်ကလည်းနောက်တစ်ယောက်ကိုငှါးပစ်မယ်လို့ပြောနေပြီ....'

ကျွန်တော့်အသံကိုစိတ်တိုနေတဲ့လေသံလိုဖြစ်အောင်ပြောလိုက်တယ်...ကြည့်နေကျမိသားစုဒရာမာကားတွေထဲကမင်းသားတွေရဲ့အိုက်တင်လိုမျိုးကိုလည်းနည်းနည်းအတုခိုးလိုက်သေးတယ်...
အော်စကာဆုရလေးဘာလေးရအောင်လေ..

'Shit!!! ဘယ်ကတည်းကအဲ့လိုဖြစ်နေတာလဲ?ငါတို့ကိုဘာလို့စောစောမပြောတာလဲကွ?'
Kai ကတော့ စိတ်ပူတဲ့လေသံလေးနဲ့ကျွန်တော့်ကိုပြောရှာတယ်...
ကျွန်တော်ကတော့ အဲ့အချိန်မှာ..ဒီလိမ်ဆင်ကြီးကမနေ့ညကမှAi'Tooနဲ့ကျွန်တော် ကြံထားကြတာဆိုတဲ့အမှန်တရားကိုထုတ်မပြောမိအောင်မနည်း ထိန်း နေရင်းကနေပြန်ဖြေလိုက်ရတယ်...

'တစ်လလောက်တောင်ရှိတော့မယ်..'

ကျွန်တော့် ရဲ့ဝမ်းနည်းနေတဲ့ပုံစံက..ကျွန်တော် ချစ်တဲ့တစ်ယောက်ယောက်သေသွားသလိုမျိုးအထိ..နည်းနည်းပြင်းလာတယ်...
ကျွန်တော် သရုပ်ဆောင်သင်တန်းတွေဘာတွေမတက်ဖူးပေမဲ့လို့...
Art faculty ကကျောင်းသားတစ်ယောက်ဖြစ်တာမို့...ဘယ်လိုခံစားချက်တွေနဲ့ဘယ်လိုမျိုးသရုပ်ဆောင်ရမယ်ဆိုတာတွေအကြမ်းဖျင်းတော့သိနေပါတယ်...

^_________^^_________^^_________^^_________^

စာအုပ်ထုတ်ထားတာသိပေမဲ့လည်း ဒါလေးတွေနှမြောလွန်းလို့ Unicodeပြောင်းပြီး တင်လိုက်တာပါ
အပိုင်းဘယ်လောက်မှ မရှိဘူးဆိုပေမဲ့တင်တာမကြိုက်ရင်ပြန်ဖျက်ပေးပါ့မယ်နော်😅


Theory Of Love (Myanmar Translation)Where stories live. Discover now