၁၄။ Dtae မှာဝင်​လာတဲ့ဖုန်း📱

793 80 1
                                    

3 Weeks Later>>
Author's POV>>>

တီတီ....
ခြံထဲသို့ BMW ကားတစ်​စီးဝင်​သွားပြီး
ကားရပ်​ပြီး​နောက်​...
ကား​ပေါ်မှ လူနှစ်​​ယောက်​ဆင်းလာကာ
တစ်​​ယောက်​က ​တခြားတစ်​​ယောက်​ကို
ချီမထားသည်​။သူတို့အခုမှ ​ဈေးဝယ်​ကာ
ပြန်​လာခြင်းဖြစ်​သည်​။

"အား...​ဟျောင့်​..ငါ့ကိုချ​ပေး...​ဟာ.."

"မချ​ပေးဘူးကွာ..."

အိမ်​​ပေါ်​ရောက်​​တော့မှ ဆိုဖာ​ပေါ်ချ​ပေး
ခါနီးတွင်​ Gin က တဂျီဂျီ​အော်​​နေ​တော့
Jungkook လဲ​နောက်​ချင်​စိတ်​ဖြင့်​ ဆက်​၍
ချီမထားသည်​။

"ငါ့မ​နောက်​နဲ့ကွာ..ငါ့မှာအလုပ်​ရှိ​သေးတယ်​"

"ကြီးကြီးကျယ်​ကျယ်​ ဘာအလုပ်​လဲ.."

"​ဟျောင့်​..ငါ ဂိမ်း ​ဆော့ရအုန်းမယ်​ဟ..ချ​ပေး"

"ကွာ....စိတ်​မဝင်​စားဘူး"

"​ဟာ...မင်းမယုတ်​မာနဲ့​နော်​.."

"တကယ်​ယုတ်​မာလိုက်​ရမလား"

"ဟ!! မင်းကနှာဘူးပဲ"

"ငါမ ဘူး ပါဘူး...ငါက​ဟောဒိက
Tom ​လေးကိုပဲ.."

Gin မျက်​နှာကြီး​ပေါက်​ကွဲမတတ်​နီရဲလာကာ
နဂါးမျက်​​စောင်းတို့ကလဲ တစ်​ချက်​ပြီးတစ်​ချက်​..
နောက်​​တော့ အ​သေရုန်း​တော့သည်​။

"ဟာ..​ပြုတ်​ကျမယ်​​လေ...​ဟေ့...မရုန်းနဲ့"

"မသိဘူး..ကျကျ..နှာဘူးလက်​ကလွတ်​ ဗြွတ်​.."

"ဗြွတ်​ မဟုတ်​ဘူး..."

ဟူဆိုကာ နုတ်​ခမ်း​လေးကို ကုန်းနမ်းလိုက်
ပြန်​သည်​။

"အာ့ကို ပြွစ်​ လို့​ခေါ်တယ်​"

"​တော်​​တော်​လဲ ဘူးနိုင်​တယ်​.."

"ငါ​ပြောပါတယ်​...ငါက​ဟောဒိက Tomboy ​လေးကိုပဲ..."

"Yah..!!"

တဇွတ်​ထိုးရုန်းလိုက်​​လေရာ
တခါထဲ ကြမ်းပြင်​​ပေါ်သို့ ဝုန်း ကနဲပြုတ်​ကျ​လေ
သည်​။

"အား...ကျွတ်​ကျွတ်​..နာထှာ.."

"ဘာ​တွေ​ကြောက်​ပြီး အတင်းရုန်းတာလဲ..
ငါက ​ဟောဒိက Tomboy ​လေးကိုပဲချစ်​တာလို့
ပြောမို့ကို"

You Are My Everything (Jungkook X OC)✔Where stories live. Discover now