၂၁။ ချိုမိန်​​သောဇတ်​သိမ်း💓

1.3K 76 0
                                    

Hyo Gin POV>>>>

ကျ​နော်​အိမ်​တံခါးကို
ဖွင့်​ကာဝင်​လိုက်​​သည်​။
သို့​သော်​ ကျ​နော်​ထင်​သည့်
အတိုင်း Jungkook က​တော့
ရှိမ​နေပါ။

ဧည့်​ခန်းထဲ၌ထိုင်​​နေ​သော
အ​ဖေနှင့်​အ​မေသာရှိသည်​။
အ​မေကလဲ အမနှင့်​စကား​ပြော
နေသည်​။

Jungkook က​ရော
ဘယ်​မှာလဲ......

အင်း​ပေါ့​လေ။
ဒီအချိန်​​လောက်​ဆိုသူ
In Yoonနဲ့​ပျော်​​နေ​လောက်​ပြီ​ပေါ့။

ဧည့်​ခန်းထဲမှာထိုင်​​နေရဲ့
အ​မေက​နေ​ပြောလာတယ်​။

"Gin..မနက်​ဖြန်​ဆိုလ်းပြန်​မယ်​ အထုပ်​သွားပြင်​ထား"

"အ​မေ..ကျ​နော်​ပြန်​မလိုက်​ချင်​ဘူး"

"Min Hyo Gin !! ပြန်​မလိုက်​လို့မရဘူး..
မင်းအကို U.S က​နေပြန်​​ရောက်​​နေတယ်​"

အော်​၊ တစ်​ချိန်​လုံး​ပျောက်
နေတဲ့ Min Yoongi hyung...
ကိုယ့်​ညီ မရှိ​တော့မှပဲပြန်​လာ​တော့
တယ်​။

"အခုအထုပ်​အပိုးသွားပြင်​.."

"ဟုတ်​"

အန်​တီက အ​မေတို့ကိုနုတ်​ဆက်
ပြီးကျန်​ရစ်​ခဲ့တယ်​။
အ​ဖေ့​ကြောင့်​ ကျ​နော်​လဲ
အခန်းထဲကို​စောင့်​​အောင့်
ဝင်​သွားပြီး ​ကျောပိုးအိတ်
ထဲကို ကျ​နော့်​အဝတ်​အစား
တွေထည့်​​နေလိုက်​တယ်​။

အဲ့မှာ တစ်​​ယောက်​​ယောက်
ကျ​နော့်​မျက်​လုံးကိုလာပိတ်​တယ်​။

"ဘယ်​သူလဲ.."

ပြန်​မ​ဖြေပါ။
နောက်​တစ်​​ခေါက်​ထပ်​​မေးလိုက်​သည်​။

"ဘယ်​သူလဲဆို"

ပြန်​မ​ဖြေ။ ကျ​နော်​စိတ်​တိုလာပြီ။

"ဘယ်​သူလဲလို့​မေး​နေတယ်​​လေ..
ဘာလို့ပြန်​မ​ဖြေတာလဲ"

"ကိုယ်​ပါ..."

အဲ့အသံက၊
Jungkook အသံ​လေ။
သူကဘယ်​လိုလုပ်​။

ကျ​နော်​လဲ လှည့်​ကြည့်​မိရာ
သူကပြုံးပြီးကြည့်​​နေ​လေ​ရော်​။

"Jungkook"

"​လျှောက်​​ပြေး​နေတဲ့ က​လေးဆိုး​လေး
ကိုမိပြီ"

You Are My Everything (Jungkook X OC)✔Where stories live. Discover now