၁၆။ အသည်းကွဲခြင်း💔

742 76 0
                                    

မနက်ခင်း​​​နေ​ရောင်​ချည်​​ဖျော့​ဖျော့က ကျ​နော့်​မျက်​နာ​ပေါ်ကျ​ရောက်​​နေသည်​ကို မျက်​လုံးမဖွင့်​​သေး​ခေါ်လည်းခံစားမိသည်​....

ကျောင်းသွားရ​အုန်းမည်​​လေ....
ထရအုန်းမှာ​ပေါ့....

မျက်​လုံးဖွင့်​ကြည့်​မိတော့ ​ဘေးနားမှာသူမရှိ​တော့
Inn Yoon နဲ့များလားဆိုတဲ့စိုးရိမ်​ချက်​ ​တွေတန်း စီဝင်​လာပြန်​တယ်​...အဲ့ဒိစိုးရိမ်​မှု​တွေက ရင်​ကိုပူ​လောင်​​စေတယ်​...ပူ​လောင်​​တော့တခါ​သောကဆိုတာကဖြစ်​လာပြန်​တယ်​....

မျက်​နှာ​တောင်​မသစ်​ရ​သေး Jungkook ဆိုသည့်​ထိုလူသားကိုသာအိမ်​တွင်​လိုက်​ပတ်​ရှာ​နေမိသည်​...သူက ဧည့်​ခန်းထဲမှ ဆိုဖာ​ပေါ်တွင်​ ​ကော်​ဖိတစ်​ခွက်​နဲ့ Laptop တစ်​လုံးနဲ့အလုပ်​ရှုပ်​​နေပုံပဲ.....ကျ​နော့်​​ခေါင်းထဲ​ပေါ်လာပြန်​သည်​....In Yoon နဲ့များ Chat ​နေသလား​ပေါ့....ကျ​နော်​လဲ ​မေးကြည့်​လိုက်​တယ်​...

"Jungkook ah ဘာ​တွေလုပ်​"

ကျ​နော်​​မေးရင်းသူ့နားကိုထိုင်​ကာ Laptop ကိုကြည့်​မည်​အလုပ်​...သူက ချက်​ချင်းပိတ်​လိုက်​​လေသည်​....

"ဘာမှမဟုတ်​ပါဘူး...Gin ဘာဖြစ်​လို့လဲ"

"​အော်​...ဘာမှမဟုတ်​ပါဘူး...​ကျောင်း မသွားဘူးလား"

"ဒီ​နေ့​တော့မသွား​တော့ဘူး..."

"​အော်​....Omm ပါ..."

Jungkook ရယ်​...ဘာဖြစ်​လို့လဲ....
ဘာအ​ကြောင်းမို့လို့ငါ့ကို ဖုံးကွယ်​ထားတာလဲ...
တကယ်​ပဲ ငါ့ကိုညာ​နေတာလား...

ညအိပ်​ဝတ်​စုံ​တောင်​မလဲပဲ အ​လောတကြီးထွက်​ရှာသည့်​ကျ​နော်​....​တွေ့​တော့လဲ ကြင်​နာမှုမရပဲ..အစိမ်းသက်​သက်​လိုစကားသံ​တွေနဲ့..
ဖုံးကွယ်​တာ​တွေလဲများ​နေပြီ...ငါ့ကိုချစ်​တယ်​ဆိုတာ...မင်းအလွယ်​​ပြောတတ်​တဲ့ မှုသားတစ်​ခုလား....

ကျ​နော်​ရဲ့ဝမ်းနည်းမှု​တွေကိုမျိုသိပ်​ပြီး မနက်​စာ​တောင်​မစားပဲ ​ကျောင်းအင်္ကျီလဲကာ ​ကျောင်းသို​အ​စောကြီးထွက်​လာခဲ့သည်​....

ကျောင်းကိုလဲ ​ခြေလှမ်းတို့က အားတင်းကာ​လျှောက်​လာရသည်​...​ခြေ​ထောက်​​တွေလဲ သိပ်​မခိုင်​ချင်​...ညက အိပ်​​ရေးပျက်​တာ​ကြောင့်​ပါမည်​ထင်​သည်​....အိပ်​​ရေးပျက်​သည်​ဆိုတာကလဲ
အ​တွေးလွန်​၍ ရင်​ပူကာအိပ်​မရနိုင်​ဖြစ်​ရခြင်း သာ....။

You Are My Everything (Jungkook X OC)✔Where stories live. Discover now