၁၉။ တရားစီရင်​မှု

716 69 11
                                    


ရာသီဥတုက အုံ့မှိုင်းရီ​ဝေလျှက်​။
ကြည့်​ရတာ ချစ်​သူနှစ်​ဦးခွဲရလို့ထင်​သည်​။
တစ်​​ယောက်​ရရပ်​​ဝေးမှာ။
နောက်​တစ်​​ယောက်​က အချုပ်​ထဲမှာ။

ရပ်​​ဝေးကတစ်​​ယောက်​က​တော့
ဘယ်​လိုခံစား​နေရမလဲမသိတဲ့အပြင်
အဆက်​အသွယ်​ပါလုံးဝပြတ်​​နေသည်​​လေ။
အချုပ်​ထဲကတစ်​​ယောက်​က​တော့
သူ၏ ရပ်​​ဝေးရှိချစ်​ရသူက​လေးအား
အလွန်​မင်းလွမ်းဆွတ်​​နေသည်​။

"အချုပ်​သား Jeon Jungkook...
ခင်​ဗျား​ရှေ့​နေက​တွေ့ချင်​လို့တဲ့...ဧည့်​​တွေ့တဲ့​နေရာကိုလိုက်​ခဲ့​ပေးပါ"

"အင်း"

ထိုရဲသား​လေးက လန့်​​နေဟန်​နှင့်
Jungkook အားလာ​ပြော​လေ​တော့
အင်းတစ်​လုံးသာ ​ဖြေ၍ ​အေး​အေး​ဆေး​ဆေး
လိုက်​သွား​တော့သည်​။

.
.
.
.
.
.
.
.

"မင်အတွက်​ ​သက်​​သေထွက်​ဆိုမဲ့သူမရှိဘူး​နော်​...မင်းဒီအမှုမှာ​သေချာ​ပေါက်​ရှုံးလိမ့်​မယ်​"

"ဒါဆို ကျ​နော်​က ကျ​နော်​မလုပ်​တဲ့ အပြစ်​တစ်​ခုအတွက်​ ခံရမှာလား. "

Jungkook ဘယ်​​လောက်​စိတ်​ရှုက်​​နေသလဲ
ဆိုတာ ​ရှေ့​နေ Yoongi အား မျက်​လုံးကြီး
ပြူးကာ​ပြော​နေခြင်းကိုကြည့်​ကာသိနိုင်​သည်​။

"​အေး​ပေါ့..ဟိုကပိုင်​ပိုင်​နိုင်​နိုင်​ကိုလုပ်​ထားတာဆို​တော့ ငါတို့ရှုံးမှာပဲ.. .ပြီး​​တော့ ဟိုမိန်းမက
မြေ​ခွေးထက်​​ကောက်​ကျစ်​တဲ့ဟာဆို​တော့
တရားရုံးမှာ ဘယ်​လိုသက်​​သေ​တွေနဲ့
ဘာ​တွေ​ပြောမလဲမသိနိုင်​ဘူး...ဒါ​ပေမဲ့
ငါ့ဘက်​ကလဲ အတတ်​နိုင်​ဆုံး​ပြော​ပေးပါ့မယ်​"

Jungkook စုပ်​တစ်​ချက်​သပ်​ကာ ​ဘေး
တစ်​ဖက်​တစ်​ချက်​သို့မျက်​နှာလှည့်​သွားသည်​။

"In Yoon..​တော်​​တော်​ယုတ်​တဲ့မိန်းမ"

မင်းကို အပြစ်​ကင်းတဲ့ပုံစံ​လေးမို့လို့
အထက်​တန်း​ကျောင်းတုန်းကလိုက်​ခဲ့တယ်​။
မင်းနဲ့ငါနဲ့လဲတွဲခဲ့တယ်​။
ဒါ​ပေမဲ့ မင်းအဲ့တုန်းကလဲ
ငါ့မိဘ​တွေ​ဂုဏ်​ကြောင့်​ ကပ်​ခဲ့တာကို
ငါသိသွားခဲ့တယ်​။
အာ့​ကြောင့်​ အဆက်​အသွယ်​ဖြတ်​တာကို
မင်းက အခုထိ လိုက်​ဒုက္ခ​ပေး​နေစဲပဲ။
မင်း​တော်​​တော်​ အကြံပက်​စက်​တဲ့မိန်းမပဲ။

You Are My Everything (Jungkook X OC)✔Where stories live. Discover now