O N E

3.3K 179 10
                                    

အမှောင်တွေကို  ကြိုက်တယ်..

အမှောင်ထဲရောက်ရင် နာကျင်မှု ဝမ်းနည်းမှု ပျော်ရွှင်မှု ဘာကိုမှ မခံစားရတော့ဘူး..

ပြီးတော့ သူ့ကိုလည်းမေ့သွားတယ်..

အမှောင်တွေကိုချစ်တယ်

.............................

"ဗိုက်ဆာနေပြီလား kyungsoo လေး''

နားနားကပ်ပြီး အသံတိုးတိုးလေးနဲ့ ပြောလိုက်သော်လည်း kyungsoo တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတို့ထသွားရသည်..

သူက ဝရံတာမှာ ထွက်ရပ်နေသော kyungsoo ကိုယ်လုံးကို အနောက်မှသိုင်းဖက်ပြီး ယူလာသောစောင်နဲ့ပတ်ပေးလိုက်သည်..

"ဟင့် ဟင့်အင်း''

"ဘာလို့ အနွေးထည်ဝတ်မလာတာလဲ kyungsoo လေး ''

"ဟို ဟို''

"ကျစ် kyungsoo က သိပ်နှေးတာပဲ ကိုယ်က သွက်မှကြိုက်တာ ''

"တောင်း တောင်းပန်ပါတယ် kai''

Kaiလို့ခေါ်လိုက်တော့ သူ့နှုတ်ခမ်းတစ်ဖက် အတန်ငယ်တွန့်ကွေးသွားသည်ကိုမြင်လိုက်ရသည်..

"အဟင်း kyungsooလေးက စကားနားထောင်တာပဲ ကိုယ့်ကို kaiလို့ပဲခေါ်နော်''

"ဟုတ် ဟုတ် ''

"ဗိုက်ဆာနေပြီမလား လာ ''

သူက kyungsoo လက်တို့ကိုဆွဲ၍ ထမင်းစားခန်းဆီသို့ဦးတည်သွားသည်..

သူ့လက်တွေကအေးစက်နေတာပဲ...

လက်တွေတင်မဟုတ်ဘူး အကြည့်တွေရော အမူအရာတွေကပါအေးစက်နေတာ...

Kyungsooသိသလောက်သူနွေးနွေးထွေးထွေးဆက်ဆံတာဆိုလို့ တစ်အိမ်လုံးမှာ Kyungsoo ပဲရှိတယ်..

သူ..

တစ်နည်းအားဖြင့်kyungsoo ၏ ခင်ပွန်း..
Kyungsoo ကို အဖေနဲ့ အမေဆီက ဝယ်ခဲ့တာ..
ဝယ်ခဲ့တာ ဟုတ်တယ် အပိုင်သိမ်း ခဲ့တာ..

နဂိုကမှ kyungsooကိုမချစ်တဲ့ အဖေနဲ့ မိထွေး ပြီးတော့မယားပါသား..
သူပုံပေးတဲ့ ငွေထုပ်ကြီးကိုမြင်တော့ဝမ်းသာအားရနဲ့ kyungsoo ကိုသူ့လက်ထဲထည့်ခဲ့ကြတာ..
Kyungsooကို ဆန္ဒနည်းနည်းလေးတောင်မမေးခဲ့ကြသလို ရှိတယ်တောင်မထင်ခဲ့ကြတဲ့မိသားစု..

SORERWhere stories live. Discover now