"Kyungsoo ကိုယ့်စာကြည့်ခန်းထဲက စာအုပ်စင်ပေါ်မှာ Fileအစိမ်းလေးတင်ထားတယ် ကိုယ်လူလွှတ်လိုက်မယ် သူနဲ့ ထည့်ပေးလိုက်နော်! "
"အင်း ဟုတ်ပါပြီ Kai''
သူဖုန်းချသွားတော့မှ Kyungsooစာကြည့်ခန်းဆီ ပြေးသွားလိုက်သည်..
မြန်မြန်ယူမှ..
Kaiလွှတ်လိုက်တဲ့လူက ခနလေးနဲ့ရောက်လာမှာ..Kaiကသူ့စာကြည့်ခန်းထဲဘသူမှဝင်တာမကြိုက်ပေမဲ့အခုKyungsooကို ဝင်ခိုင်းတာမို့ တော်တော်အရေးကြီးလို့ပဲ ဖြစ်ရမည်..
သူ့စာကြည့်ခန်းထဲဒါနဲ့ဆို၂ခေါက်သာ ရောက်ဖူးသည်..ပထမတစ်ခေါက်က သူစာကြည့်ခန်းထဲကနေ ၃က်လောက်ထွက်မလာလို့ စိတ်ပူပြီး သော့ဖျက်ဝင်ခြင်း..
ကိုယ်ကတော့စိတ်ပူပြီးဝင်တာပေမဲ့ အအော်တောင်ခံလိုက်ရသေးတာမို့ နောက်ယောင်လို့တောင်ခြေဦးမလှည့်တော့..Fileက စာအုပ်စင်ရဲ့ အပေါ်ဆုံးကနေရေရင်တတိယအထပ်..
Kaiကတော့သူ့အရပ်နဲ့သူ တင်တာပေမဲ့kyungsooကျဘလိုလုပ်မှီမှာလဲ...ခုံကလည်း စားပွဲရှေ့ကတစ်ခုံပဲရှိသည်..
အဲ့ခုံကလည်းအသေကြီး..
ဟိုဘက်ဒီဘက်လှည့်လို့ရပေမဲ့ စားပွဲနဲ့ဆက်ထားတာ..ခြေဖျားလေးကိုထောက်ပြီး မမှီမကန်းနဲ့ လှမ်းယူရသည်..
ပထမတစ်ခေါက် မမှီသေး..
ဒုတိယအခေါက်ကျ အောက်ကစာအုပ်တွေကိုလက်ထောက်လိုက်တာမို့ စာအုပ်တစ်ချို့ပြုတ်ကြလာပေမယ့် မကောက်အားသေး..
Fileကိုသာ မရမကဆွဲယူရသည်.."Yes ရပြီ''
-Ting Tong..
Bellတီးသံကြားတာမို့ အောက်ကိုအမြန်ပြေးဆင်းရပြန်သည်..
လာယူသည့်လူလက်ထဲfileထည့်ပေးလိုက်တော့ ဦးညွှတ်ပြီး ပြန်ထွက်သွားသည်..စာအုပ်တွေရှင်းဖို့ သတိရသဖြင့် ပြန်ပြေးရပြန်သည်..
ကျောင်းပိတ်ရက်လေးကို ကောင်းကောင်းမနားရပါလားနော်..ပြန့်ကြဲနေသောစာအုပ်တွေကို သေချာစီပြီးကောက်နေတုန်း မျက်လုံးတို့က စာအုပ်စင်ကိုအကြည့်ရောက်သွားသည်..
Kyungsooက အောက်မှာထိုင်ပြီး စာအုပ်ကောက်နေတာမို့ အပေါ်မော့ကြည့်လိုက်တော့ အောက်ကရေရင် လေးခုမြောက်အထပ်ရဲ့ အသားပြားအောက်မှာစာအုပ်တစ်အုပ်..
Tapeနဲ့ သေချာကပ်ထားတာမို့ kyungsooစိတ်ဝင်စားသွားရသည်..
YOU ARE READING
SORER
Fanfiction"နာကျင်မှုကိုမုန်းလား Kyungsoo'' ''ဟင့်အင်း '' ''ဘာလို့လဲ?'' ''ကျွန်တော့်ရဲ့ နာကျင်မှုက ခင်များဖြစ်နေလို့'' ZG+ UNI