T E N

1.2K 127 6
                                    

"Flinty ''

"အင်း ''

"ငါ့ကိုတစ်ခုကူညီပေးမလား''

"ဘာကိုလဲ?''

"မင်းနဲ့ Do Kyungsoo ကရင်းနှီးတယ်မလား သ့းကိုငါ့ဆီခေါ်လာခဲ့ပေး''

"မဖြစ်နိုင်ဘူး Brawn ငါမလုပ်နိုင်ဘူး''

"မင်းမလုပ်ပေးရင်ငါ့ဘာသာပဲ ကြိုးစားရမှာပေါ့ Flinty''







Brawnနဲ့ပြောခဲ့သောစကားတွေကိုပြန်စဉ်းစားရင်းသက်ပြင်းချမိတော့ ဘေးနားက Kyungsooက လှည့်ကြည့်လာသည်..ဘာမှမဖြစ်သလိုပြုံးပြလိုက်တော့ Kyungsooက ရယ်ပြ ပြီး သူ့စာသူပြန်လုပ်နေသည်..
ဖြူစင်လိုက်တာ kyungsooရယ်...
Phoenixရန်ကရော Brawnရန်ကရော Kyungsooကို ကာကွယ်ပေးဖို့ဆိုရင် baekhyunတစ်ခုခုလုပ်ရမည်..
သို့သော် သူတစ်ယောက်ထဲမတတ်နိုင်..တစ်ယောက်သောသူကိုပါ အကူအညီတောင်းရမည်..




ဘေးနားက baekhyunက ဘာတွေ တွေးနေမှန်းမသိသဖြင့် kyungsoo တစ်ယောက်ထဲ လွှတ်ထားပေးလိုက်သည်..
စာလုပ်နေရင်း Kaiအကြောင်းကခေါင်းထဲရောက်လာပြန်တော့ အသာခေါင်းကိုရမ်းမိသည်..
Brawnဆိုတာဘသူလဲ? Baekhyunကလည်းမသိ Kaiကလည်းလုံးဝ ပြောပြမည့်ဟန်မရှိသောကြောင့် သူ့ဟာသူ သာ စုံစမ်းရန်ဆုံးဖြတ်လိုက်သည်..

ကျောင်းဆင်းတော့ Baekhyunက သွားစရာရှိသည်ဆိုကာ အရင်ပြန်သွားလေသည်. Baekhyunနဲ့ပေါင်းခိုင်းပြီးသည့်နောက်ပိုင်း kaiက အရင်လိုမတင်းကြပ်တော့တာကြောင့် kaiလူတွေ အရင်လို kyungsooနားမှာမရှိကြတော့..ဒါမဲ့ဖုန်းဆက်လိုက်ရင်တော့ ချက်ချင်းရောက်လာအောင်စီစဉ်ပေးထားသည်..

တစ်ယောက်ထဲ အတွေးတို့ဖြင့်လျှောက်နေတုန်း အနောက်ကနေ kyungsooမျက်နှာပေါ်က ပုဝါတစ်ခုဖြင့်အုပ်လာသည်..ရုန်းနေပေမဲ့ ထိုသူက တော်တော်သန်မာသောကြောင့် အင်အားကမမျှ..
ဖုန်းကလည်းလွယ်အိတ်ထဲမှာဆိုတော့ဘလိုမှထုတ်မရ
........
စိမ်းရွှင်ရွှင်အနံကြီးရပြီးနောက် kyungsooလောကကြီးနဲ့ အဆက်ပြတ်သွားတော့သည်..





မျက်နှာပေါ် အေးစက်စက်ရေတို့၏ထိတွေ့မှုကြောင့် နိုးလာရသည်.kyungsooတစ်ကိုယ်လုံးကိုထိုင်ခုံမှာကြိုးဖြင့်ချည်ထားသည်..နဲနဲလေးမှလှုပ်မရအောင်တင်းတင်းကြပ်ကြပ်ချည်ထားသည်..
Kaiရော ဘယ်မှာလဲ..kyungsoo အဖမ်းခံရတာသူမသိဘူးလား..
စိတ်ထဲမှာ Kaiကိုတောင့်တနေတုန်း မှောင်မည်းမည်းအခန်းထဲမှာထွက်လာသောဆေးလိပ်မီးရောင်..

SORERWhere stories live. Discover now