"Kyungsoo''
ဝရန်တာရှေ့မှာထွက်ပြီးလေညှင်းခံနေသော Kyungsoo၏နောက်ကျောကိုသိုင်းဖတ်လာသော Kai..
"ဘာတွေ တွေးနေတာလဲ ဟမ် ''
Kaiကမေးပြီး ဘေးတိုက်မြင်နေရသော kyungsoo၏ပါးဖောင်းဖောင်းလေးကို ရွှတ်ခနဲ နမ်းလိုက်သည်..
"Baekhyunကိုသတိရလို့ လွန်ခဲ့တဲ့ နှစ်လကတည်းက ပျောက်သွားတာ အခုထိ အစရှာမရဘူးလေ ပြီးတော့ ''
"ပြီးတော့ ဘာဖြစ်လဲ ဘေ ဘီ''
Kyungsoo ကိုယ်ကို kaiဘက်လှည့်လိုက်၍ မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်..
"ခင်များရဲ့ အချစ်ဦး Brawn ''
"Brawnက?''
"အာ ကျွန်တော်ဘလိုပြောရမလဲ ''
အောက်နှုတ်ခမ်းကိုဖိကိုက်ထားသော kyungsoo ကို kaiက တစ်ချက်ကြည့်ရင်း နှုတ်ခမ်းလေးကိုပြွတိခနဲ နမ်းလိုက်ပြန်သည်..
"Brawnက Londonကိုတောင်ပြန်သွားပြီလေ kyungsooရယ် ဘာတွေ တွေးပူနေတာလည်း ''
ဘာမှပြနိမဖြေတော့ပဲ မှိုင်ကျသွားသော Kyungsooမျက်နှာလေးကိုကြည့်ရင်းရင်ထဲမကောင်း...
Baekhyunပျောက်သွားကတည်းက နဂိုထဲကအေးသော kyungsooက အခုဆိုစကားတစ်ခွန်းနှစ်ခွနိးလောက်ပဲ မေးမှပြန်ပြောတော့သည်..
ပြီးတော့ kaiကိုလည်းအခုထိမယုံနိုင်သေး..
အရင်လိုတင်းကြပ်တာတွေမရှိတော့ပဲ သူ့သဘောအတိုင်းစိတ်ချမ်းသာသလိုနေစေကာမှ ကလေးငယ်ဟာ မပျော်တော့ဟန်တူသည်..--------------------------------------------------
"Dear''
"အင်းပြော babe''
Baekhyunကိုရင်ခွင်ထဲပိုက်ထားရာမှ မျက်လုံးရွဲကြီးများဖြင့်စိုက်ကြည့်ကာ ဖြေလေသော Phoenix.
သူဟာ အခုချိန် သူ့ရင်ခွင်ထဲက ကောင်လေးငယ်ငယ်ကလွဲရင်ဘာမှမြင်ဟန်မတူ.."Kyungsooကို ပြောပြသင့်ပြီမလား ကျွန်တော်ကောင်းကောင်းမွန် မွန် ရှိနေတဲ့ အကြောင်းကို ''
Phoenixက မျက်မှောင်ကြုတ်ကာ
"တော်ပြီ ဘေ ဘီ ကလည်း သူလည်းအခုချိန်ဆိုမေ့နေလောက်ပါပြီ ''
"အာ ဒါပေမဲ့လည်း ''
ရင်ခွင်ထဲကကောင်လေးငယ်ဟာ နှုတိခမ်းစူပြီးအလိုမကျဟနိပြတော့ Phoenixဟာ ပြာပြာသလဲ..
YOU ARE READING
SORER
Fanfiction"နာကျင်မှုကိုမုန်းလား Kyungsoo'' ''ဟင့်အင်း '' ''ဘာလို့လဲ?'' ''ကျွန်တော့်ရဲ့ နာကျင်မှုက ခင်များဖြစ်နေလို့'' ZG+ UNI