အပိုင်း(၇)

14.2K 456 25
                                    

ညစာစားဝိုင်းတွင်​နှစ်​ဖက်​မိဘအစုံအလင်​ဖြင့်​ဆိုင်​ဆိုင်​မြိုင်​မြိုင်​ဖြစ်​လို့​နေ၏ ။

နှစ်​ဖက်​လူကြီးမိဘ​တွေကလဲ သား​ရေးသမီး​ရေး လူမှု့​ရေးစီးပွား​ရေးစသည့်​လူကြီးနှင့်​သက်​ဆိုင်​သည့်​စကားစမြည်း​တွေလက်​စုံစားရင်း​ပြောကြ၏ ။

ကျွန်​တော်​နှင့်​မျက်​နှာချင်းဆိုင်​တွင်​ထိုင်​နေသည့်​
​ဆောဟာနာ သည်​လဲ ၀တ်​ကျေတန်း​ကျေအရသာ ကျွန်​တော့်​ထမင်းပန်​ကန်​ထဲသို့ ဟင်းအနည်းအငယ်​ခတ်​ထည့်​ပေးရင်း သူ့ထမင်းသူသာအာရုံစိုက်​စားလို့​နေ၏ ။

မိဘချင်းသ​ဘောတူလို့​နေရာချထား​ပေးဖို့စီစဉ်​ကြတာပဲ .... ငြင်းပယ်​ဖို့အတွက်​လဲ ကြီးကြီးမားမားအ​ကြောင်းပြချက်​တွေမရှိခဲ့ကြ​တော့ နှစ်​ယောက်​စလုံး​ခေါင်းငြိမ့်​ခဲ့ကြတယ်​လေ ။

အရင်​ကမရှိခဲ့​ပေမယ့်​အခု​တော့ ရှိ​နေပြီ ။ဒါ​ပေမယ့်​ဘယ်​လိုအ​ချေအ​နေနဲ့ နှလုံးနှင့်​သွေးတိုး​ရောဂါရှိသည့်​မိခင်​ရှေ့မှာ ထိုစကား​တွေကိုစာစီ​ပြောရပါ့အလဲ ။

အစက​တော့ လိုလိုချင်​ချင်​ခေါင်းငြိမ့်​ခဲ့ပြီးမှ ။ အခုမှထ​ဖောက်​လိုက်​ပါရင်​မိခင်​သွေးတိုးပြီးအ​မော​ဖောက်​မည့်​အ​ရေးမ​တွေးဝံ့ ။

က​လေး​လေး ကိုလဲမစွန့်​လွှတ်​နိုင်​။​ဆောဟာနာ နဲ့လဲပြတ်​သားဖို့မဖြစ်​နိုင်​။

ထမင်းစားဝိုင်းအတွင်းမှာလူကထိုင်​နေ​ပေမယ့်​လဲ ဒီ​နေရာနှင့်​မသက်​ဆိုင်​သည့်​နေရာတွင်​ကျန်​ရစ်​နေခဲ့သည့်​က​လေး​လေးကိုမုသားသုံး၍ထွက်​လာခဲ့မိသည့်​အတွက်​အပြစ်​ကစိတ်​ထဲတွင်​အခဲမ​ကျေ ။

က​လေး​လေးရှိရာဆီအ​ပြေးသွားကာ လွမ်း​နေသည့်​အချိန်​တစ်​ခုလုံးစာအတွက်​က​လေး​လေး၏ ကိုယ်​လေးကိုဖက်​၍အလွမ်း​တွေကိုသိပ်​သည်း​စေချင်​မိ၏ ။

ဒါ​ပေမယ့်​လဲ ကျန်းမာ​ရေးချူချာလွန်းသည့်​မိခင်​က မျက်​စောင်းထိုးခုံတွင်​ထိုင်​နေသည့်​အတွက်​မပြုံးချင်​ပေမယ့်​ဟန်​ဆောင်​အပြုံးခပ်​ရေး​ရေးကိုပင်​ဟန်​မပျက်​ရဲပါ ။

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Where stories live. Discover now