အပိုင်း(၁၁)

12.1K 445 16
                                    

သတို့သားဝတ်​စုံအဖြူ​လေးနှင့်​ချစ်​ဖို့​ကောင်းလွန်း​နေသည့်​ကျွန်​တော့်​က​လေးငယ်​။

မနက်​ပိုင်းမှာပင်​နှစ်​ဦးသ​ဘောတူလက်​ထပ်​စာချုပ်​မှာ လက်​မှတ်​ထိုးခဲ့ကြပြီး​အပြန်​တွင်​ဘုရား​ကျောင်းသို့ဝင်​ကာ နှစ်​ဦးသားတိတ်​တဆိတ်​ပင်​လက်​ထပ်​ဖြစ်​ခဲ့ကြသည်​။

ညပိုင်းတွင်​အကျဉ်းရုံးပြီး​ဆောဟာနာ နှင့်​မင်္ဂလာပွဲကိုကျင်းပရဦးမှာ​မို့​ပျော်​တစ်​၀က်​၀မ်းနည်းတစ်​၀က်​သာ ။

က​လေးနှင့်​အတူရှိ​နေချိန်​မှာ​တော့ က​လေးရဲ့အပြုံး​တွေအ​ပျော်​တွေ​ကြောင့်​ကျွန်​တော်​သည်းခံနိုင်​ခဲ့​သေးသည်​။

က​လေးရယ်​ကိုကို​တောင်းပန်​ပါတယ်​က​လေး ။

က​လေးမဟုတ်​တဲ့ တခြားသူတစ်​ယောက်​နဲ့ကို တရားဝင်​လက်​ထပ်​ရ​တော့မယ့်​အတွက်​။

က​လေးရဲ့အပြုံး​တွေနှင့်​ဝေဆာ​နေသည့်​နံနက်​ခင်း​လေးကို အသံတိတ်​ကျွန်​တော်​မျက်​ရည်​တွေနဲ့ အကျည်းတန်​စေခဲ့မိသည်​။

အ​နောက်​ဘက်​သို့လှည့်​ကာ ကျလာသည့်​မျက်​ရည်​တွေကိုခပ်​ကြမ်းကြမ်းပွတ်​ဆွဲသုတ်​လိုက်​ရင်း ။

"က​လေး ချစ်​တယ်​က​လေးနဲ့ကိုယ့်​ရဲ့လက်​တွဲ တစ်​သက်​တာအတွက်​မဖြုတ်​ကြေး​နော်​"

လက်​ထပ်​လက်​စွပ်​လေးကို က​လေးရဲ့လက်​သန်းကြွယ်​တွင်​စွပ်​ပေးလိုက်​ရင်း​ပြော​တော့ ။

" က​လေးဘက်​က ဘယ်​တော့မှမဖြုတ်​ဘူး ကိုကို့ဘက်​ကသာ မြဲပါ​စေ ကိုကိုထက်​ပိုချစ်​တယ်​ယုံ "

က​လေးဘက်​ကလဲ လက်​စွပ်​က​လေးပြန်​စွပ်​ပေးရင်း နှုတ်​ခမ်းကိုမမှီတမှီ​လေးနမ်းကာ​ပြောလာပြန်​သည်​။

ကျွန်​တော်​နဲ့က​လေးရဲ့ နှုတ်​ခမ်းနှစ်​လွှာပူးကပ်​ပြီး အချိုမြိန်​ဆုံး​သောအနမ်​စလှလှတို့ကို​ဖော်​ကျူးလိုက်​တော့သည်​။

က​လေး တစ်​ခု​တော့ယုံကြည်​ထား​ပေးပါ ။ ကိုကိုရဲ့အရာရာတိုင်းက က​လေးပါ ။ က​လေးတစ်​ယောက်​ထဲသာ ကိုကို့ဘ၀အတွက်​ပထမဆုံးနဲ့​နောက်​ဆုံးပါ ။

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Where stories live. Discover now