" Boo အခုချိန်ကစလို့ Boo က Yaobo ရဲ့ယောကျာ်းဆိုတာတလောကလုံးကသိသွားပြီ အဲ့ဒီတော့ Boo ဘာအတွက်နဲ့မှဆက်ပြီးဖုံးကွယ်မနေပါနဲ့တော့နော်Boo "
သန့်စင်ခန်းထဲက မထွက်ရသေးသော ကျွန်တော်နှင့်သူလေး ။
တစ်ချိန်လုံး ရှိုက်ကြီးတငင်ငိုနေတာမို့ ဘာကိုမှပြောခွင့်မရတော့သည့်ကျွန်တော်လဲရေအိမ်တစ်ခန်းထဲတွင်သာ ထိုင်ရင်း ငိုင်နေရသည့်ဘ၀ ။
အိမ်သာအားအဖုံးပိတ်ရင်းအပေါ်တွင်ထိုင်နေသည့်သူလေး ။
သူလေးရှေ့တွင်ကျပ်ကျပ်တည်းတည်းဒူးထောက်ထိုင်နေသည့်ကျွန်တော်။
အခြေအနေကြီးက ပုရိတ်သတ်ကြီးတို့ထင်နေသလောက်Romance ဆန်မနေတာတော့အမှန်။
"မကောင်းဘူး Yaobo တကယ်ဆိုးတယ်ဟင့်နာနာ နဲ့ Yaobo ကိုလူတွေဘယ်လိုမြင်သွားကြမလဲ Yaoboတွေးမိရဲ့လား ဟင့်Yaobo ဟားဗက်ကဘွဲ့ရထားတာမှဟုတ်ရဲ့လား ဦးနှောက်တစ်စက်လေးမှမရှိဘူး "
ဟောဗျာ စိတ်တွေပူတာလဲ သူလေးပဲ ။
လူကိုဖဲ့နေတာလဲသူလေးပဲ ။
ငိုသာငိုနေတာ မျက်ရည်လား နှပ်ချေးတွေလားမသဲကွဲတဲ့ အရည်ကြည်ကြည်တွေက ပါးစပ်ထဲတွေထဲလဲဝင်လို့ ။
နှာခေါင်းတစ်ခုလုံးလဲ နီရဲကာ ပါးမို့မို့ကလေးတွေတောင်အရောင်တွေကူးကုန်ပြီပေါ့ ။
မလွယ်မလွယ်တကယ့်ကိုမှမလွယ်လှတဲ့ ကျွန်တော့်ရဲ့ကလေးလေးပါ ။
"ဟုတ်ပါတယ်Booပြောသလို Yaobo ကဦးနှောက်မရှိတဲ့ ဟားဗက်တက္ကသိုလ်က အလကားကောင်ပါကွာ Boo ငိုနေတာပင်ပန်းနေပြီလေ တိတ်ပါတော့ကွာနော်ကလေးလေး "
" ဟင့်ဘယ်လိုလုပ်တိတ်နိုင်မှာလဲလို့ ခင်ဗျားကြီးကြောင့်ငိုလိုက်ရတာ အခုဗိုက်ဆာနေပြီဗျ ဟင့်ပိုဝမ်းနည်းတာပေါ့လို့ အီး ဟီး ဟီး ဟီး "
"ဟောဗျာ ...စောစောပြောပါရောလား ကလေးရယ်ကိုယ်တို့အခုသွားစားလဲ မှီပါသေးတယ်ကွာ ဘာစားချင်လဲသာပြော "
YOU ARE READING
သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞
Fanfictionဟန်ဂန်မင်း နှင့်ဆောဂွမ်ယူ ချစ်ခြင်း၏အစ.....