အပိုင်း(၁၀)

12.6K 477 11
                                    

ဆိုဖာတက်​တီတွင်​ခြေချိတ်​ထိုင်​ရင်းစိတ်​မပါလက်​မပါနှင့်​မဂ္ဂဇင်း တစ်​အုပ်​ကို​ကောက်​ကိုင်​ပြီး ဟိုလှန်​ဒီလှန်​လုပ်​နေမိသည်​။

သတို့သားဝတ်​စုံက​ထွေ​ထွေထူးထူး​ရွေး​နေစရာလဲမလိုအပ်​ဘူး​လေ အ​နောက်​တိုင်းဝတ်​စုံ အနက်​ဖြစ်​ဖြစ်​အဖြူဖြစ်​ဖြစ်​၀တ်​လိုက်​ယုံနဲ့တင်​ပြီးပြည့်​စုံ​နေပြီးသားမို့လား ။

"ဟန်​ဂန်​မင်းရှိ့ အဆင်​ပြေရဲ့လား​ဟာနာက​တော့ဒါ​လေးကိုပိုသ​ဘောကျတယ်​"

"​ပြေပါတယ်​ဆောဟာနာနဲ့လိုက်​တယ်​"

ဒီ​လောက်​တော့​ပြော​ပေးသင့်​တယ်​ထင်​လို့ဝတ်​တရားရှိတဲ့အတိုင်း​ပြော​ပေးယုံပဲ သူမဘာပဲဝတ်​၀တ်​ဘယ်​လိုပဲလှလှကျွန်​တော်​စိတ်​၀င်​စားမှု့က မြူမှုန်​လေး​လောက်​တောင်​သူမအ​ပေါ်မှာရှိမ​နေ ။

ကျွန်​တော့်​အခုစိတ်​ထဲတွင်​ပူပန်​မိ​နေသည်​က ကျွန်​တော့်က​လေး​လေး ကျွန်​တော့်​အစွမ်းအစ​ကြောင့်​ဘယ်​လောက်​အထိလူးလှိမ့်​ခံစား​နေရမလဲဆိုတဲ့အ​တွေးနဲ့တင်​ရူး​လောက်​သည့်​ခံစာစချက်​ကြီးက ရင်​၀၌တစ်​စို့​နေပြီ ။

က​လေး​လေး​ရေ ကိုယ်​အမြန်​ဆုံးက​လေးအနားကိုပြန်​လာခဲ့မယ်​ကွာ ခဏ​လောက်​သီးခံ​ပြီး​စောင့်​နေ​ပေးပါ ။

" ဟန်​ဂန်​မင်းရှိ့ တစ်​ခုခုကိုစိတ်​မ​ဖြောင့်​ဖြစ်​နေတာလား ? အလုပ်​ရှိ​သေးရင်​ပြန်​နှင့်​လေ ဟာနာ​လဲစိတ်​ကြိုက်​တွေ့ပြီပဲ "

"​ကျေးဇူး​ဗျာ ကျွန်​တော်​အလုပ်​တွေလက်​စမသက်​ရ​သေး​တော့စိတ်​မ​ဖြောင့်​ဖြစ်​နေတာ​ဗျ အခုလိုနားလည်​ပေးတာ​ကျေး​ဇူးပါပဲ ဒါဆိုကျွန်​တော်​ပြန်​နှင့်​မယ်​နော်​"

"အာ ဟုတ်​ကဲ့ ဂရုစိုက်​ပြီးပြန်​ပါရှင့်​"

ဟာနာဆီမှ ပြန်​ခွင့်​ရသည်​နှင့်​မရွံမဆုပ်​ထထွက်​သွားသည့်​သတို့သား​လောင်းကိုကြည့်​၍​ဆောဟာနာ​ရေရွတ်​မိလိုက်​သည်​။

"​ဆောဟာနာ သူ့အတွက်​နင့်​နှလုံးသားအလိုကိုမလိုက်​မိပါ​စေနဲ့ဟာ .... သူဆိုတာအစထဲကနင့်​အတွက်​မဟုတ်​ခဲ့ဘူး "

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Where stories live. Discover now