3.

578 63 6
                                    

Zawgyi

Fic အတွင်းရှိ အ​ကြောင်းအရာများသည်​ Author ၏ စိတ်​ကူးသီးသန့်​သာ ဖြစ်​ပါသည်​ ။

မည်​သူကိုမှ ထိခိုက်​​စေလိုခြင်း မဟုတ်​ပါ ။

__________________________

Dorm ၏ မနက်​ခင်းဆို​သော အချိန်​ ၈ နာရီတွင်​ မင်​​ဆော့ အသံ စာစာစူးစူးများဖြင့်​ ပြည့်​နှက်​​နေတတ်​သည်​။

မနက်​၇ နာရီ​လောက်​တည်းက အိပ်​ရာနိုးကာ မင်​​ဆော့​ ​ရေချိုး အ​ပေါ်ထပ်​​အောက်​ထပ်​ ဖုန်စုပ်​​​ပြီးသည်​အထိ ဘယ်​ မန်​ဘာမှ အပြင်​ထွက်​မလာကြ ။

အပြင်​ထွက်​မလာကြ​တော့ မင်​​ဆော့​ က တစ်​ခန်းဝင်​တစ်​ခန်းထွက်​ လိုက်​နှိုး​နေသည်​။

မင်​​ဆော့ နှိုးတုန်း​တော့ အကုန်​လုံး ငုတ်​တုတ်​ထထိုင်​ကြပြီး မင်​​ဆော့ အခန်းထဲက ထွက်​လာ​တော့ အကုန်​ပြန်​အိပ်​ကုန်​ကြသည်​။

မင်​​ဆော့ အခန်းထဲက လုဟန်​​တောင်​ အပြင်​ထွက်​မလာ​သေး ။

Minseok
" ဗိုက်​ဆာ​နေပြီ "

မန်​ဘာ​တွေကို ​စောင့်​ကာ မနက်​စာ စားချင်​​သော်​လည်း ဘယ်​သူ မှ မနိုး​တော့ မင်​​ဆော့ တစ်​​ယောက်​တည်းသာ ​အောက်​ထပ်​ပြန်​ဆင်းလာခဲ့သည်​။

မ​င်​​ဆော့ ​အောက်​ထပ်​ဆင်းသွား​သောအခါ ဆယ်​ဟွန်းငယ်​က​ အိပ်​ရာတန်းထလိုက်​သည်​။ Suho က​တော့ အိပ်​​နေဆဲ ။

ငယ်​​လေးက​တော့ ဆက်​အိပ်​၍ မရ​တော့ ၊ ငယ်​​လေး စိတ်​ထဲ ပူပန်​​နေသည်​ ။ ဟွန်းငယ်​ အိပ်​​နေတုန်း Luhan Hyung က Xiumin Hyung နဲ့ နှစ်​​ယောက်​တည်း ကြည်​ကြည်​နူးနူး မနက်​စာ စား​နေကြမလားလို့ ရင်​မ​အေးဖြစ်​​နေသည်​ ။

မင်​​ဆော့ ​အောက်​ထပ်​​ မီးဖို​ချောင်​ ထဲ ဝင်​လိုက်​​သောအခါ တစ်​စုံတစ်​​ယောက် ရှိ​နေသည်​ ။

သူကား Chen .

Jongdae
" ​ကောင်း​ကောင်းအိပ်​​ပျော်​ရဲ့လား Hyung "

Minseok
" Jong Dae yaaa "

Jongdae
" Hyung ကို ​စောင့်​​နေတာ မနက်​စာ စားမလို့ "

ChenXiu OTP {Completed} Where stories live. Discover now