You Are All The Reason I Walk

349 23 17
                                    

Zawgyi

အချစ်က ကိုယ့်ဆီကို ကြယ်တစ်စင်းလို
ဆင်းသက်လာတယ်

January 2, 2019

"အစက PH.D ကြောင့် နောက်ဆုတ်ရမယ် ထင်ခဲ့တာ၊ မင်းနဲ့ အတူတူ စစ်မှုထမ်းရင်ကောင်းမလားဆိုပြီး"

"အဲ့တော့ အခုက ချက်ချင်းသွားရတော့မယ်ပေါ့"

"အင်း Thesis စာရွက်စာတမ်းကိစ္စ ညှိနှိုင်းတာ လုပ်ပြီးရင် သွားရတော့မှာ"

"wae........ အဲ့လောက်မြန်မြန်ကြီးလား hyung "

ဟင်း!

ကျတော်ရဲ့ မြန်မြန် မသွားစေချင် ပုံပေါ်တဲ့ အကြည့်လေးတွေကြောင့် ကိုကိုတော့ သက်ပြင်းချရပြီထင်တယ်။

ကိုကို့ ရယ်ဗျာ !!
ယောကျာ်းကြိုက်တော့ ဆိုက်ဆိုက် လာ
မိန်းမ ကြိုက်တော့ ဆိုက်ဆိုက် မျှော် တဲ့

ကျတော်ကတော့ ကိုကို့ ကို ကြိုက်လို့ ဆိုက်ဆိုက် လိုက်ခဲ့ရသူပါ။

ကိုကိုပြောတော့ဖြင့် Chen ဘယ်နေရာသွားသွား Chen နဲ့ အတူ Xiumin ရှိမယ်၊ Xiumin ဘယ်နေရာသွားသွား Xiumin နဲ့ အတူ Chen ရှိမယ်ဆို။။ အခုတစ်ကြိမ်က အတူမရှိနိုင်ကြတော့မည့် အရေး။။ အဲ့ဒီ့အရာကလဲ ရုတ်ချည်း အမြန်အဆန်နဲ့။ စီစဉ်ထားသလိုကလဲ ဖြစ်မလာ။

ကိုကို နဲ့ ခွဲနေရမယ့် ရက်ပေါင်း ၅၈၀ ကို ဘယ်လို အင်အားနဲ့ ရှေ့ဆက်ရမလဲ။ သေတော့ သေမသွားပါဘူး။

သိုပေမယ့် နှလုံးသားထဲက လတ်ဆတ်တောက်ပမှုတွေ ရှိမနေတော့ ဘာရရ မပျော်တာမျိုး ဖြစ်ကျန်နေမှာပေါ့ ကိုကိုရယ်။

လိုချင်နေတာ တစ်ခုခုရရင် အခိုက်အတန့်လောက် ကြည်နူးပီတိဖြစ်မှာပေမယ့် ပျော်မနေတာမျိုးကို ကျတော် ခံစားရမယ်ထင်တယ်။

နှာခေါင်းပိတ်နေလို့ ပါးစပ်နဲ့ အသက်ရှူသလိုပေါ့၊ ရှင်သန်ဖို့ အဆုတ်ထဲ လေ ရောက်သွားပေမယ့် အသက်ရှူတော့ ဝ မသွားဘူးလေ။

"2019 ခုနစ် ထုတ်ပြန်ချက် မင်းတွေ့တာပဲ!! ၃၂ နှစ် မပြည့်ခင် စစ်မှုထမ်း မပြီးရင် နိုင်ငံခြားခရီးသွားလာခွင့်တွေ ကန့်သတ်တဲ့အပြင် ဒဏ်ငွေအများကြီးဆောင်ရမယ်၊ အခန့်မသင့်ရင် မင်းပါ Hyung ကို ထောင်ဝင်စာတွေ့နေရမယ်၊ ဒါမှမဟုတ် တရားခွင်လိုက်ရင် လိုက်ရ....."

ChenXiu OTP {Completed} Where stories live. Discover now