6 .

515 48 18
                                    

Fic အတွင်းရှိ အ​ကြောင်းအရာများသည်​ Author ၏ စိတ်​ကူးသီးသန့်​သာ ဖြစ်​ပါသည်​ ။

မည်​သူကိုမှ ထိခိုက်​​စေလိုခြင်း မဟုတ်​ပါ ။


____________________________

Luhan နဲ့ Sehun ၏ ​ပျော်​​ပျော်​ရွှင်​ရွှင်​ ​လျှောက်​လည်​​နေသည့်​ ပုံများက HunHan HC များအတွက်​ အကြိမ်​ကြိမ်​​သေ​ပေးချင်​စရာ ။

" Real Royal OTP "
" ဒါမှ တကယ့်​ OTP "
" Hunnie ကို ကြည့်​ပါဦး
Hyung နဲ့ ​ပျော်​​နေတာ "
" သူတို့ နှစ်​​ယောက်​က တကယ်​ ရုပ်​ချင်းဆင်​တယ်"
" Lu ge က Sehun ကို ချစ်​ပါတယ်​ ဆို "
" ၂ ​ယောက်​ ဟန်းနီးမွန်းလား "
" ဒါဆို သူတို့ ဘူဆန်​​ဟော်​တယ်​မှာ အတူတူ အိပ်​ကြတာ​ပေါ့ ? "
" အရမ်းလိုက်​ဖက်​တယ်​ Fic ထဲက အတိုင်းပဲ "

SNS ​ပေါ် Op saw လို့ ​ပေါ်လာ​သော ပုံများ ၊ Sehun ၏ IG photo များ​​ကြောင့်​ ပလူပြန်​​နေ​သော မှတ်​ချက်​များ ။

Kai ကိုလဲ တူ​လေးနဲ့ အတူ ဆင်​တူဝက်​၀ံ အင်္ကျီ​လေး ဝတ်​လျက်​ public ကစားကွင်းတွင်​ ​တွေ့မြင်​ကြရသည်​။

Chanyeol ၏ ဂျပန်​​မြေရှုခင်း​နောက်​ခံထားလျက်​ ရိုက်​ထား​သော IG post အား Baekhyunee မှ love ​ပေးသွားသဖြင့်​ ဂယက်​ထသွား​သော CB HC များကိုလဲ ​တွေ့နိုင်​သည်​။

ပိတ်​ရက်​ ၃ ရက်​ကို အပြင်​သွားသူများကလဲ အဆင်​​ပြေကြသလို အိမ်​တွင်းရှိ မင်​​ဆော့ မှာလဲ ဂျုံဒဲ ​ကြောင့်​ ​ပျော်​ရွှင်​ရပြန်​ပါသည်​။

အိပ်​ရာ​ပေါ်လှဲအိပ်​ကာ ဘီယာ​သောက်​လိုက်​ ၊ စကား​ပြောလိုက်​ ၊ အပြင်​က စားစရာ မှာစားလိုက်​ ၊ ​ခေါက်​ဆွဲပြုတ်​​သောက်​လိုက်​ ၊ ဟင်းချက်​စားလိုက်​ ၊ ​ကော်​ဖီ​သောက်​လိုက်​ ၊ မုန့်​​တွေ you tube က ကြည့်​ပြီး လုပ်​စားလိုက်​ ( အရသာ မ​ကောင်းသဖြင့်​ အချင်းချင်း မင်းစားလိုက်​ အစ်​ကိုစားလိုက်​ လုပ်​ကြသည်​ကလဲ ရှိ​သေး ) ရုပ်​ရှင်​ကြည့်​လို​က်​ဖြင့်​ အချိန်​တ​ရွေ့​ရွေ့ ၊ စာကြည့်​မယ်​ ဟူ​သော မင်​​ဆော့ရဲ့ အစီအစဉ်​ ဟာလဲ ကြက်​​ပျောက်​ငှက်​​ပျောက်​ ။

ChenXiu OTP {Completed} Where stories live. Discover now