7 .

508 49 7
                                    

ဤ Fic အတွင်းရှိ အ​ကြောင်းအရာများသည်
Author ၏ စိတ်​ကူးသီးသန့်​သာ ဖြစ်​ပါသည်​ ။
မည်​သူကိုမှ ထိခိုက်​​စေလိုခြင်း မဟုတ်​ပါ ။

________________________________

အားလပ်​ရက်​ ၃ ရက်​ပြီး ​သောအခါ member ​တွေ အားလုံး Dorm ကို ပြန်​​ရောက်​လာကြသည်​။

member ​တွေရဲ့ တူညီတဲ့ အချက်​ကား အငယ်​​လေး ဆယ်​ဟွန်း၏ အားလုံး အတူတူ​နေ​ရ​အောင်​ဟု စကားအရ ပိတ်​ရက်​​လောက်​သာ အိမ်​ပြန်​ကြခြင်း ဖြစ်​သည်​။ သာမာန်​နားရက်​​လောက်​နဲ့ အိမ်​မပြန်​ကြ​ ။

ယခုက​တော့ concert အတွက်​ ပြင်​ဆင်​ဖို့အလုပ်​များကြရသည်​မလို့ member ​တွေ အလုပ်​များကြရသည်​။ concert အတွက်​ ပြင်​ဆင်​ရင်း ကြားထဲရှိ schedule များကို လုပ်​ကြရ​သေးသည်​။

Vocal training လုပ်​ရတဲ့အပြင်​ Choreo ​တွေကိုလဲ practice room ထဲ တစ်​​ယောက်​ချင်း,,၂ ​ယောက်​တွဲ,, ၃ ​ယောက်​တစ်​ဖွဲ့ ,, ၆​ယောက်​တစ်​စု သင်​လိုက်​ ပြန်​ကျင့်​လိုက်​ တစ်​ဖွဲ့လုံး ညီ​အောင်​ က လိုက်​ ဖြင့်​ ​နေ့တိုင်း ဆက်​တိုက်​ ​လေ့ကျင့်​ကြရ၍ နားချိန်​နည်း ပင်​ပန်းကြသည်​။

" အားလုံး ​ပျော်​စရာ သတင်း "

မန်​​နေဂျာအစ်​ကို ဝင်​လာ​ချိန်​တွင်​ Chen က ​ရေဘူးကို ပါကင်​​ဖောက်​ အဖုံးဖွင့်​ကာ Xiumin ကို ​ပေး​နေသည်​။

Sehun နဲ့ Kai က တီးလုံးဖွင့်​ကာ အက တူတူ ဆက်​ ကျင့်​​နေကြသည်​။

ကျန်​အဖွဲ့သား​တွေက song line ​​တွေ ပြန်​ကြည့်​​နေသည်​က တချို့ ထိုင်​သူက ထိုင်​ ၊ လှဲ သူက လှဲ ၊ အချိုရည်​​သောက်​သူက ​သောက်​ ဖြင့်​ ။

မန်​​နေဂျာကြီးက စကားသံဖြင့်​ ဝင်​လာပြီး တီးလုံးကို ပိတ်​လိုက်​သည်​။

" မနက်​ဖြန်​ စ​နေ​နေ့တစ်​ရက်​ မင်းတို့ကို နားရက်​​ပေးတယ်​တဲ့ "

" ဟင်​ "
" ဘာကြီး "
" တကယ်​လား "
" wooooo"
" ​ပျော်​လိုက်​တာ "
" အိပ်​မယ်​ "
" အဝနားရမယ်​ "
" ​ကျေးဇူးတင်​ပါတယ်​ "

မန်​ဘာ​တွေရဲ့ အမျိုးမျိုး reaction ​တွေ ထွက်​​ပေါ်လာသည်​၊ တစ်​လ​ကျော်​ကြာမှ ရသည့်​ နားရက်​ဖြစ်​၍ စိတ်​​ပေါ့ပါးသွားကြသည်​။

ChenXiu OTP {Completed} Where stories live. Discover now