Sugar Daddy (1)

4.3K 209 53
                                    

Zawgyi

ကော်ဖီဆိုင်ထဲက ထွက်လာမယ့် လူတစ်ယောက် တစ်နည်းအားဖြင့် ကိုယ့်ရဲ့Sugar Daddyဖြစ်လာမယ့်သူကို စောင့်ဆိုင်းရင်း ဆိုင်ဝမှာ မတ်တပ်ရပ်နေတဲ့သူ...

ခဏအကြာမှာ ကော်ဖီခွက်ကို ကိုင်ကာphပြောရင်း ထွက်လာတဲ့ အနာဂတ် Daddyကိုတွေ့တော့ အလျင်အမြန်ပဲ သူ့အနားကပ်ပြီး ကိုယ်လုံးနဲ့တိုက်ချပစ်လိုက်သည်...အနာဂတ်Daddyရဲ့ ကော်ဖီတွေကိုယ့်အပေါ် ဖိတ်ကျအောင်လို့ပေါ့..

"ဟေး...အဆင်ပြေရဲ့လား...sorryကွာကိုယ်က phပြောရင်းနဲ့ လျှောက်လာတာမို့ပါ... "

သူက တောင်းပန်နေသော်လည်း ကိုယ့်အကွက်ထဲမဝင်သေးတာမို့ စကားမပြောပဲ ပေနေသော အင်္ကျီကိုသာ သုတ်ချင်ယောင်ဆောင်နေလိုက်တယ်...

"ရော့...ဒီပုဝါလေးနဲ့ သုတ်လိုက် မင်းတော်တော်ပူသွားမှာဘဲ..."

သူပေးတဲ့ပုဝါကိုယူရင်း ပေနေသောနေရာတွေကိုသုတ်လိုက်တယ်...ဒါမဲ့စကားတော့မပြောမိသေးပါ...

"ကောင်လေး မင်းကွာ ကိုယ့်ကိုစကားလေးပြန်ပြောပါဦး ကိုယ်တစ်ယောက်ထဲပြောနေတာအရူးကြီးကျလို့.."

အဟက်...ဂွင်ထဲတော့ ဝင်လာပြီ...ဆွဲစိဖို့ပဲကျန်တော့တယ်...

"ကိုယ့်မှာဝတ်စရာအင်္ကျီကောင်းတာဆိုလို့ ဒီတစ်ထည်ပဲရှိတာ...ဒီနေ့အင်တာဗျူးဖြေမို့..အဝတ်ကောင်းလေးဝတ်လာပါတယ်ဆိုမှဗျာ..အခုတော့ အင်တာဗျူးလည်းမဖြေရ..တစ်ထည်ထဲရှိတဲ့ အင်္ကျီလေးလည်း ကော်ဖီတွေရွှဲကုန်တာဆိုတော့...ဟင်း...ဒီနေ့ unlucky dayပါလားနော်...."

မျက်နှာကို အသားကုန်ညိုးချကာပြောလိုက်တော့ ကိုယ့်ရဲ့အနာဂတ်ရှူးဂါးဒယ်ဒီကြီးက အတော်သနားသွားပုံရတယ်...သူ့ကို ရှူးဂါးဒယ်ဒီတော်ချင်ရတဲ့ အကြောင်းရင်းတွေထဲမှာ သူက စိတ်ထားနုတာလည်းပါတယ်လေ...

"ဟင်း...ကိုယ်ကြောင့်ဖြစ်ရတာဆိုတော့ ကိုယ်ပဲတာဝန်ယူပေးပါ့မယ်ကွာ...လာ..လူတွေလည်းဝိုင်းကြည့်နေကြပြီ ကိုယ့်ကားထဲလိုက်ခဲ့ စကားအေးဆေးပြောရအောင် ...."

စိတ်ထားနူးညံ့တဲ့ ကိုယ့်ရဲ့အနာဂတ် ရှူးဂါးဒယ်ဒီကြောင့် ဆွဲထားတဲ့အစီအစဉ်တွေဟာ...လွယ်လွယ်လေးနဲ့ ပြီးမြောက်တော့မယ်ထင်ပါရဲ့....

𝚂𝚞𝚐𝚊𝚛𝙳𝚊𝚍𝚍𝚢(𝙲𝙷𝙰𝙽𝚂𝙾𝙾)Where stories live. Discover now