Sugar Daddy (5)

1.5K 171 36
                                    

ZawGyi
ချန်းယောလ်မနက်အိပ်ယာထ မျက်နှာသစ် ရေချိုးပြီး အောက်ထပ်ဆင်းလာတော့ Daddyကိုမတွေ့တော့
အချိန်ကဖြင့်၈နာရီတောင် မထိုးတတ်သေးတာကို အစောကြီးသွားပြီးအလုပ်တွေကြိုးစားနေတယ်..

"အော်..Daddyရှာသမျှဟာ ငါ့အတွက်ကြီးပါပဲလေ”ဟု ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်နေရသည်..

"အဒေါ်ကြီးရေ ကျွန်တော်စားလို့ပြီးပြီ Daddy ကုမ္ပဏီကို ခဏလောက်လိုက်သွားလိုက်ဦးမယ်"

"ဟုတ်ကဲ့ပါရှင့်"

အိမ်အကူအဒေါ်ကြီးအား အကျိုးသင့်အကြောင်းသင့်ရှင့်ပြပြီး Daddyကိုယ်တိုင်အသစ်လဲပေးထားတဲ့ အနက်ရောင်ပြိုင်ကားလေးစီးရင်း Daddyအလုပ်ခွင်စီလိုက်ခဲ့တော့သည်

Daddyဟာလေ တကယ့်ကို black crazyပါဗျာ တစ်နေ့တစ်နေ့ဝဝတ်တဲ့အဝတ်စားတွေဆိုတာလည်း တကယ့်နာမည်ကြီးပစ္စည်းတွေသုံးပြီး အမည်းရောင်တွေနဲ့သာပြည့်နှက်နေတတ်သည်..

အော် ဒါနဲ့ တစ်ခုလောက်တော့ပြောရဦးမယ် ဒယ်ဟန်းမင်းဂုမှာ all blackဝတ်ထားပြီး မျက်မှန်အမည်းလေးတပ်ထားရင် သေချာပဲ အဲ့ဒါချန်းယောလ်ရဲ့ Daddyပဲ

ကိုယ့်Daddyကို တစ်ချို့တစ်ချို့တွေ နှိုက်မြည်းနေတာမြင်နေရလို့ပါ ချန်းယောလ်အပိုင်ဆိုတာသိစေချင်...

Car parking၌ ထိုးရပ်လိုက်ပြီး ဓာတ်လှေကားအတွင်းသို့ဝင်လိုက်သည်...
ချန်းယောလ်နဲ့အတူ ဝန်ထမ်းမိန်းကလေး အချို့လည်းပါသေး၏

အထပ်အမြင့်ကြီးစီးရမှာမို့ ခဏလောက်phထုတ်ကာသုံးလိုက်သည်..

"ဟဲ့ ငါတို့CEOက အရမ်းချောတာပဲနော် ငါ့idea typeပဲဟာ..."

"Idea typeချင်တိုက်တာမtypeတာခဏထားဦး ငါကတော့ ငါတို့CEOရဲ့ဘေးမှာ တောက်တဲ့လို ကပ်နေတဲ့ ဟိုLee Seraဆိုတဲ့ မိန်းမကိုတကယ်ကြည့်မရဘူးဟာ"

ချန်းယောလ်ဖုန်းသုံးနေစဉ်အတွင်း ဝန်ထမ်းမိန်းကလေးများ၏ ပြောစကားများကို အသာနားထောင်နေလိုက်သည်

Daddyဘေးမှာ ကပ်နေတဲ့ မိန်းမဆိုပါလား? အဟက် Daddyခင်များက ပွေရှုပ်ချင်တာလား! ကိုယ့်ကိုတော့ ဒီလိုလာကျောလို့ရမယ် မထင်နဲ့..

𝚂𝚞𝚐𝚊𝚛𝙳𝚊𝚍𝚍𝚢(𝙲𝙷𝙰𝙽𝚂𝙾𝙾)Where stories live. Discover now