Sugar Daddy (8)

1.3K 172 26
                                    


ZawGyi

ဟိုတနေ့က clubမှာဖြစ်ခဲ့သော ကိစ္စတွေပြီးချိန်ကစလို့ ဂယောင်ဆူးရဲ့ သည်းငယ်ဟာ သူ့နားကို သိသိသာသာကပ်လာသည်...လုံးဝမခွာတော့ဘူးဟု ပြောလျှင်ပိုမှန်ပေမည်...

ယခုလည်းကုမ္ပဏီသွားရန်ပြင်ဆင်နေသော ဂယောင်ဆူးနောက် တကောက်ကောက်လိုက်ခါ သူပါ ကုမ္ပဏီခိုက်ခဲ့မည်ဖြစ်ကြောင်း ကြောင်ပေါက်လေးတွေလို တိုးဝှေ့ကပ်ချွဲကာပြောနေသည်..
လူကောင်ကြီးမှ အားမနာလို့မပြောကြနှင့်...
လူကောင်ကြီးတဲ့သူလည်း အသည်းနဲ့ပါလို့..

"Daddyရာ သည်းငယ်လည်း လိုက်ချင်တယ်လို့ နော် နော် ဆို....."

အသံလေးကို အူယားစရာကောင်းအောင်ပြောပြီး ဂျစ်တိုက်နေတဲ့ အဆိုးလေးကြောင့် ဒိုဂယောင်ဆူးတို့လည်း ဆက်ပြီးတင်းမခံနိုင်တော့ပါ..

"ကဲ...ပြောမရလည်း သဘောပဲ သည်းငယ်ရေ...ဟိုရောက်ရင်တော့ ကိုယ်အလုပ်လုပ်နေတာကို မနှောင့်ယှက်ရဘူးနော်"

"ရက်စ် daddy...အမိန့်ကိုနာခံလျက်ပါ.."

ကုမ္ပဏီလိုက်ရလို့ အူမြူးသွားတဲ့ သည်းငယ်ဟာ ခန္ဓာကိုယ်ကြီးမှ အားမနာ ခုန်ပေါက်နေလေရဲ့....
အသည်း အူပွတ်လေးက သဘောကျနေတော့ဒီကလူကြီးလည်း ပျော်ရတာပေါ့ကွယ်...
က်ုယ်မြတ်နိုးရတဲ့သူ ပျော်ရွှင်တာကိုပဲမြင်ချင်ကြတာမလား.....

°°°°°°°°°°°°°°°°°

"Daddyရေ..............."

သံရှည်ဆွဲခေါ်သံတစ်ခု...
မဟုတ်ဘူး တစ်ခုမကတော့ဘူး အခေါက်ပေါင်းများစွာရှိအောင်ခေါ်နေသော သည်းငယ်ဟာ ပျင်းလို့ဆိုပြီး ဂျီတိုက်နေလေရဲ့...

"သည်းငယ် Daddyအလုပ်တွေလုပ်မရဘူးဖြစ်နေပြီ မဆိုးရဘူးလို့ပြောထားတယ်လေ!"

လေသံလေးအနည်းငယ်မာလိုက်တော့ ညိုးကျသွားတဲ့ မျက်မှာလေး...
ဒီကလူကပဲ လူဆိုးကြီးလိုလို...
သည်းငယ်ချွဲတာဆိုလို့ ဟောဒီက ဒိုဂယောင်ဆူးကြီးပဲရှိတာမလား..???
အဲ့တော့ ချွဲသမျှရစ်သမျှကို ပြုံးပြုံးကြီးနဲ့ ခံတာပေါ့ဗျာ...

"ကဲပါသည်းငယ်ရယ်...ခဏနေ ကိုယ်အလုပ်တွေအကုန်လုပ်ပြီးသွားရင် ထမင်းသွားစားကြမယ် ဟုတ်ပြီလား?? အခုတော့ gameဆော့ပြီးနေလိုက်ဦး.."

𝚂𝚞𝚐𝚊𝚛𝙳𝚊𝚍𝚍𝚢(𝙲𝙷𝙰𝙽𝚂𝙾𝙾)Where stories live. Discover now