Sugar Daddy (9)🔥[warning]🔥

1.8K 147 37
                                    

ZawGyi

"သည်းငယ်ရေ..ကိုယ့်ကားက စက်သေသွားပြီ ဆီကုန်သွားတာထင်တယ် "

ကုမ္ပဏီကအပြန် လမ်းသွားလမ်းလာပြတ်တဲ့ နေရာရောက်တော့ daddyကားက စက်သေသွား၏..
လမ်းက အနည်းငယ်မှောင်ပြီး လူလည်းပြတ်၏..

"မထူးပါဘူး daddyရယ် လမ်းလျှောက်ပြီးပဲ သွားရအောင်နော်"

"အင်း သည်းငယ်သဘော.."

လမ်းတစ်လျှောက် daddyနဲ့ယှဉ်လျှောက်ရင်း ဟိုဟိုဒီဒီစကားများပြောဖြစ်ကြသည်..

လမ်းလျှောက်လိုက်တိုင်း အအေးဒဏ်ကို စိမ့်နေအောင်ခံစားရသည်.. လေလေးကလည်းတိုက်နေသည်မို့ daddyချမ်းနေသည်ထင်ပါ၏ ခန္ဓာကိုယ်လေးကို ကျုံ့ထားသည်မှာ သေးသေးလေးသာရှိတော့၏..

"Daddyချမ်းနေတယ်မလား လာ ဒီထဲဝင်နေ"

ချန်းယောလ်ဟာ ချမ်းနေတဲ့ ဂယောင်ဆူးကိုယ်လေးကို သူ့ရဲ့ long coat နီညိုရောင်ကြီးထဲ ခေါ်သွင်းလိုက်ပြီး ကြယ်သီးအချို့တပ်လိုက်၏..
အခုဆိုသူတို့က နှစ်ယောက်တစ်ကိုယ်ဖြစ်သွားပြီ..
ဂယောင်ဆူး၏ ခန္ဓာကိုယ်ဟာ ချန်းယောလ်၏ ရင်ခွင်ထဲ အံဝင်ခွင်ကျရှိလှ၏..
နှစ်ယောက်သား ပူးကပ်ပြီးလမ်းလျှောက်နေသည်ကို မြင်နေရသည်မှာ ခေါင်း၂လုံးပါသရဲကြီးအားမြင်တွေ့နေသလို ခံစားရပေလိမ့်မည်:3

လမ်းပေါ်၌ တွေ့ရသော ခွေးလေခွေးလွင့်တစ်ကောင်မှာလည်း ချန်ဆူး၂ယောက်ကိုကြည့်၍ အားရှိသမျှဟောင်နေတော့၏(ခွေးFA)

ခွေးဟောင်သံကြားတဲ့ ဂယောင်ဆူးဟာ ခွေးသည်သူတို့ကို ဟောင်သည်မထင် သရဲတွေ့၍ ဟောင်သည်ဟုမှတ်ယူကာ ချန်းယောလ်ရင်ခွင်ထဲ တိုးဝင်သထက်တိုးဝင်လိုက်၏
ချန်းယောလ်ကတော့ သူ့ရဲ့daddyအေးနေသည်အထင်ဖြင့် နွေးထွေးစေရန်ပိုမိုဖက်ထားပေးလိုက်သည်

လမ်းလျှောက်လာသည့် အချိန်ကြာလာသည်နှင့်အမျှ အိမ်ရောက်ရန် အနည်းငယ်သာလိုတော့သဖြင့် အနီးရှိစတိုးဆိုင်လေးထဲဝင်ပြီး ခေတ္တနားကြ၏...အေးရအေးနဲ့ လမ်းလျှောက်ရသည်မှာ သူ့daddyလည်းမောနေလောက်ရောပေါ့..

"Daddyဘာစားမလဲ အိမ်အတွက်ရော ဘာဝယ်သွားချင်သေးလဲ"

"ကိုယ် ရေခဲမုန့်စားချင်တယ်"

𝚂𝚞𝚐𝚊𝚛𝙳𝚊𝚍𝚍𝚢(𝙲𝙷𝙰𝙽𝚂𝙾𝙾)On viuen les histories. Descobreix ara