ဘွဲ့ယူပြီးတဲ့အခါ

39 6 0
                                    

နောက်လဆိုရင်ပဲ ကျောင်းပြီးကျတော့မယ်....ကျောင်းပြီးရင် ဘာလုပ်ကြမှာလည်း?

ဟုတ်ပါတယ်...တကယ်ကို စိတ်ပျက်စရာကြီးပါ "ကျောင်းပြီးရင်" ဆိုပြီး တွေးလိုက်ရင် တကယ်ကို လမ်းပျောက်သွားသလို ခံစားရပါတယ်.. လူငယ်ဘဝရဲ့ ပျော်စရာအကောင်းဆုံးအချိန်တွေ အလွတ်လပ်ဆုံးအချိန်တွေ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ..အားလုံး အပြီးတိုင်လမ်းခွဲနှုတ်ဆက်သွားကြပါပြီ.. တကယ့်ကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဖိအားတွေများတဲ့ လုပ်ငန်းခွင်ထဲကို ဝင်ရတော့မှာပါ....
ဒါပေမယ့် ဝင်ရဖို့ အလုပ်ကလည်း တကယ်ကို မသေချာပါဘူး....အလုပ်ရဖို့က ခက်ခဲလွန်းပါတယ်...
ခက်ခဲတဲ့ အကူးအပြောင်းကာလလို့တောင် တင်စားလို့ရပါတယ်....
ကဲ...ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမှာလည်း...
ကျွန်တော်ကတာ့ လယ်ယာပြန်စာရေးလုပ်မှာပါ...😁
အဲ့လိုလုပ်လို့ရရင်တော့ ကောင်းတာပေါ့....တကယ်တော့ ကျွန်တော်တို့ အခြေခံကျကျ စဉ်းစားမယ်ဆိုရင် ကျောင်းပြီးရင်လုပ်ဖို့ ရွေးစရာ လေးခုရှိပါတယ်....
ဒီ(၄)ချက်ကို သေချာဖတ်ပြီးသွားရင် ရွေးစရာ တစ်ခုခု
အတွေးတစ်ခုခု ကျန်ခဲ့မယ်ထင်ပါတယ်..

ပထမဆုံးအချက်ကတော့ ရှင်းရှင်းလေးပါပဲ
1️⃣ ️အလုပ်တစ်ခုရှာလုပ်ပါ(ဘာလာလာဒေါင်း လုပ်လိုက်ပါ)
ကျောင်းပြီးပြီဆိုတော့ သေချာတာကတော့ ၂၀ ကျော်ပါပြီ
စတင်ပြီးတော့ အလုပ်တစ်ခု လုပ်ဖို့လိုအပ်လာပါပြီ..
ဘာတွေလုပ်ကြမလည်း....ရထားတဲ့ဘွဲ့နှင့်ဆိုင်တဲ့ လုပ်ငန်းတွေမှာဝင်လုပ်ကြမလား..ဒါမှမဟုတ် ကိုယ်တကယ်စိတ်ဝင်စားတဲ့ လုပ်ရမှာနှစ်သက်တဲ့ အလုပ်တစ်ခု ပြောင်းလုပ်ကြမလား...
တကယ်တော့ အလုပ်လုပ်ရမှာထက် အဲ့ဒီအချိန်ဟာ ရသမျှပညာတွေ အတွေ့အကြုံတွေ ယူရမှာပါ..
Part-time jobတွေ interns တွေ volunteer တွေလုပ်ပြီး
အတွေ့အကြုံတွေ ဗဟုသုတတွေ ရှာဖွေပါ.စုဆောင်းပါ
ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေတကယ်ဖြည့်ပေးနိုင်တဲ့ အလုပ်တစ်ခုတွေ့အောင်ရှာပါ....ပြီးရင် ဇောက်ချလုပ်ပြီး အောင်မြင်မှုတွေရသည်အထိ ကြိုးစားပါ....ကြိုးစားရင်း အခက်အခဲတွေ အရှုံးတွေရင်ဆိုင်ရမယ်ဆိုတာ ကြိုတင်သိထားပါ....အရှုံးတွေ အခက်အခဲတွေကနေ ပြန်လည်သင်ယူပါ
အထက်လူကြီးတွေဆီကနေ အကြံညဏ်တွေရယူပါ
အလုပ်ခွင် မှာ လူချစ်လူခင်မများတောင် လုမုန်းများအောင်မနေပါနဲ့..
အခွင့်အရေးတွေလာရင် အဆင်သင့်ဖြစ်အောင်အမြဲသင်ယူနေပါ..

Sharing Is Caring....Where stories live. Discover now