Office Outfit Ideas.....

49 4 0
                                    

Office Outfit Ideas!
မင်္ဂလာပါဗျို့။ ဒီနေ့တော့ ရုံးတစ်ခါသွားခါနီး တိုင်း ဘာဝတ်ရမှန်းမသိ အိုင်ဒီယာမရှိ ဖြစ်နေတဲ့ ပျိုမေတွေ၊ အလုပ်သွားတဲ့အခါ အပြောင်းအလဲမရှိ ဒါတွေချည်း ထပ်တလဲလဲ ဝတ်နေရလို့ အသစ်အဆန်းလေး ဝတ်ချင်တဲ့ မမဒါဝတ်တွေအတွက် office outfit ဆိုတာ ကလည်း ကိုယ်အိုင်ဒီယာရှိရင် ရှိသလို အထာ ကျအောင် ဝတ်လို့ရတယ်ဆိုတာလေး ပြောပြ ပေးချင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ ကုမ္ပဏီက ထုတ်ပေးတဲ့ ဝတ်စုံကိုပဲ ဝတ်ရ တယ်ဆိုရင်တော့ ကိုယ့်ဘက်က ဘာမှသိပ် အဆန်းမထွင်နိုင်တော့ဘူးပေါ့နော်။ အဲ့လို မဟုတ်ပဲ သိပ်ဟော့ဟော့ ရမ်းရမ်းကြီး မဖြစ်ရင်ပြီးရော ကိုယ့်ကုမ္ပဏီက ဝတ်ဖို့ အိုခေတယ်ဆိုရင်တော့ ဒါလေးတွေ ဖတ်ကြည့် လိုက်နော်။

(၁) ကုတ်နဲ့ဘောင်းဘီ ဝမ်းဆက်လေးတွေ ဝတ်ပါ။
ခု နောက်ပိုင်း ဘလေဇာနဲ့ စတိုင်ဘောင်းဘီ ဝမ်းဆက်လေးတွေ ထွက်လာပါတယ်။ ကိုယ်က ကုတ်အကျီ ဒါမှမဟုတ် ဘလေဇာ အောက်ကဝတ်မယ့် tee ဒါမှမဟုတ် ရှပ်၊ တီရှပ် သင့်တော်ရာရွေးဝတ်ရုံပါပဲ။ ပုံထဲကလို အောက်က sneaker နဲ့ တွဲဝတ်မယ်ဆို တော် တော်လေး အထာကျသွားပါပြီ။

(၂) Wrap Dress လေးတွေ ရွေးပါ။
၂၀၁၇အနှောင်းပိုင်းနဲ့ ၂၀၁၈ လတ်တလော အထိပါ ခေတ်စားနေတဲ့ wrap dress ဒီဇိုင်း သိပ်မတိုတာလေးတွေ ရွေးဝတ်နိုင်တယ် နော်။ မိန်းကလေးဆန်ဆန် ဝတ်ရတာ နှစ်ခြိုက်သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

(၃) ခြေမျက်စိလောက်အရှည် စတိုင် ဘောင်းဘီမျိုး ရှာဝတ်ပါ။
မေသော် ခဏခဏရေးဖူးတဲ့ ဒေါက်ပြောက် စတိုင်ဘောင်းဘီတွေ၊ အောက်နားကျဉ်းသွား တဲ့ ဖိုးကွာတားစတိုင်ဘောင်ဘီမျိုးတွေက အပေါ်နဲ့ရှပ်နဲ့တွဲတွဲ၊ tee အဖြူလေးတွေနဲ့ ဝတ်ဝတ် အဆင်ပြေပါတယ်။

(၄) pencil skirt နဲ့ tight skirt တွေကိုလည်း မေ့မထားပါနဲ့။
ရုံးသွား၊ ကုမ္ပဏီသွားတဲ့သူတွေအတွက် pencil skirt လို ဒူး မရောက်တရောက် စကတ် အကျပ်လေးတွေကလည်း လိုအပ်ပါတယ်။ သူနဲ့ဆို အပေါ်က ဘလောက်စ်လေးတွေ၊ ရှပ်အကျီလေးတွေအပြင် ခုနောက်ပိုင်း ခေတ်စားနေတဲ့ ruffle အထပ်ထပ် ဒီဇိုင်း အကျီလေးတွေနဲ့ပါ ဝတ်နိုင်တယ်လေ။

Sharing Is Caring....Where stories live. Discover now