iv U+Z

1.4K 207 25
                                    

တစ်ညလုံးအိပ်မပျော်သည်နှင့်
ယွန်းဂီအကြောင်းထိုင်စဉ်းစားနေမိသည်..။
ထိုသို့စဉ်းစားတိုင်း နှလုံးသားမှ
ရင်ခုန်သံမြန်လာစမြဲ..။

ထယ်ယောင်းကိုပြောပြတော့
ထယ်ယောင်းကဤသည်ကိုအချစ်တဲ့..။
ဘယ်လောက်ရယ်စရာကောင်းလဲ
ကျွန်တော့်လိုလူက ယောက်ျားတစ်ယောက်ကိုချစ်မိမည်တဲ့လား..။

သို့သော် ဘာအကြောင်းကြောင့်ရင်ခုန်နေမိသည်ကိုတော့ ကျွန်တော်အဖြေမရှာတတ်...။

သူ့အကြောင်းကိုမေ့လိုမေ့ငြား
စာအုပ်ထိုင်ဖတ်တော့လဲ
စာအုပ်တွင် သူ့မျက်နှာကပေါ်လာပြန်၏..။

ရုပ်ရှင်ကြည့်ပြန်တော့လည်း
မင်းသားနေရာတွင် ယွန်းဂီမျက်နှာကပေါ်လာပြန်ရော
ကျွန်တော်ဘာလုပ်ရမှန်းမသိအောင်
စိတ်ပျက်မိပါသည် ကျွန်တော့်ကိုယ်ကျွန်တော်ပေါ့..။

လေကောင်းလေသန့်တစ်ဝကြီးရှူရှိုက်လိုက်လျှင်ဖြင့်
ကျွန်တော်ခံစားနေရတာတွေ သက်သာသွားမည်ထင်ပါရဲ့..။

သို့သော် အထင်နှင့်အမြင်တခြားစီ..။
ကျွန်တော်ဝရန်တာသို့ ထွက်ကာ အိမ်ရှေ့ဘက်သို့ကြည့်လိုက်သည်နှင့်
မြင်လိုက်ရသော မြင်ကွင်းက
ကျွန်တော့်စိတ်ကို လုံးဝအနှောင့်အယှက်ဖြစ်သွားစေ၏..။

လမ်းမီးတိုင်၏ မှိန်ပျပျအလင်းရောင်အောက်တွင်
ဗလကောင်းကောင်းနှင့်လူသုံးယောက်က
ပုပုသေးသေးအကောင်လေးကို ၀ိုင်းထိုးနေကြသည့်မြင်ကွင်းပင်..။
သုံးယောက်တစ်ယောက် လူအင်အားကွာနေသည့်အပြင်
ခန္ဓာကိုယ်အရွယ်အစားလဲ ကွာခြားနေသည်မို့
ကျွန်တော် ကူညီမှဖြစ်မည်ဟုတွေးမိပြန်၏..။
ကျွန်တော် မကူညီရင် ဟိုသုံးယောက်က သူ့အားသေသည်ထိ ရိုက်နှက်နေမည်ထင်ပါရဲ့..။

ကျွန်တော်တို့ အိမ်သည်လမ်း၏နောက်ဆုံးအိမ်
ဖြစ်သည့်အလျောက် ပြေးလာသောတရားခံများသည်လဲ
ထိုနေရာတွင် ရဲများ၏ဖမ်းဆီးခြင်းကိုခံနေရစမြဲ..။
ရန်ဖြစ်သောသူများသည်လဲ ထိုကဲ့သို့ပင်..။
လမ်းအဆုံးဖြစ်နေသည်နှင့် ကျွန်တော်တို့လမ်းထဲသို့ပြေးဝင်လာသူသည်
နောက်ပြန်ဆုတ်ရုံမှလွဲ၍ တခြားလမ်းမရှိ..။

SACRIFICE || 윤민홉 [Completed]Where stories live. Discover now