xx U+Z

1.1K 161 24
                                    

ယွန်းဂီ လှမ်းပေးတဲ့စာရွက်ကို နမ်ဂျွန်နဲ့ဆော့ဂျင်ခေါင်းချင်းဆိုင်ပြီး ဖတ်လိုက်ကြတယ် စာထဲမှာရေးထားတာက

<<ယွန်းဂီ
ကျွန်တော် ယွန်းဂီကိုချစ်မိနေပြီထင်တယ်
ယုယုယယဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ပေးမယ့်
ကျွန်တော့ နှလုံးသားက ယွန်းဂီကိုတွေ့ရင်အခုန်မြန်လာတယ် ယွန်းဂီရဲ့ ဂရုစိုက်မှုတွေကြားမှာ သာယာတတ်လာတယ် ယွန်းဂီရဲ့ကလေးလို့ကြင်ကြင်နာနာနဲ့ခေါ်တဲ့အသံကို စွဲလမ်းတတ်လာတယ် ချစ်နေတာကိုသေချာတဲ့အချိန်ထိစောင့်ပေးပါနော် ဒီထပ်ပိုသေချာချင်သေးတယ် ပြီးတော့ဒီအကြောင်းကိုဘယ်သူ့ကိုမှ ပေးမသိပါနဲ့နော်>>

စာကိုဆုံးအောင်ဖတ်ပြီးနောက် နမ်ဂျင်အတွဲ ယွန်းဂီကိုကြည့်လိုက်မိတယ် မှိုရတဲ့ မျက်နှာလိုလို မျောက်အုန်းသီးရတဲ့မျက်နှာလိုလို နဲ့ပျော်ရွှင်နေတဲ့ ယွန်းဂီကိုတအံ့တသြကြည့်မိတယ် ဟုတ်တယ်လေ ငယ်ငယ်တည်းကပေါင်းလာတဲ့ ယွန်းဂီ ဒီလိုပျော်နေတာကို မြင်ရခဲတယ်

"သိပ်ကိုပျော်နေတယ်ပေါ့လေ"

ဆော့ဂျင်ကမေးတယ်

"ဒါပေါ့ကွပျော်တာပေါ့ ငါ့ကလေးကငါ့ကိုချစ်မိနေပြီဆိုတာ မပျော်ပဲနေမလား နမ်ဂျွန်းမင်းရော သူ့ဆီကအဖြေရတုန်းကမပျော်ဘူးလား"

"ပျော်တာပေါ့ကွာ ဒါပေမယ့်ငါ့အိတ်ထဲကပိုက်ဆံလေးတွေကတော်ငိုကြတယ်ကွ"

"ဘာပြောတယ် ဂင်နမ်ဂျွန်း"

ဆော့ဂျင်တစ်ရှူးလူးနဲ့နမ်ဂျွန်းကိုလှမ်းပေါက်လိုက်တယ် နမ်ဂျွန်းပြောလဲပြောချင်စရာ အခုလဲယွန်းဂီကိုစောင့်နေတုန်းစားထားတာ ဟမ်ဘာဂါနဲ့အာလူးကြော်တစ်ပွဲ ပါစတာတစ်ပွဲ ဒါတောက်နောက်တစ်ပွဲထပ်မှာထားသေးတယ် ကြက်ကြောနဲ့ဟမ်ဘာဂါရော

နမ်ဂျွန်းကသူဌေးသားမို့သာတော်သေးတယ် ဒါပေမယ့်ဆော့ဂျင်ကအစားကြီးပြီး နမ်ဂျွန်းကိုအနိုင်ကျင့်တတ်တာလေးကလွဲရင် နမ်ဂျွန်းကိုအရမ်းချစ်တတ်တယ် အပြင်မှာမဖော်ပြပေမယ့်သူ့မျက်ဝန်းတွေကတဆင့် နမ်ဂျွန်းအပေါ်မှာထားတဲ့ သူ့အချစ်တွေကိုမြင်ရတယ်

SACRIFICE || 윤민홉 [Completed]Where stories live. Discover now