xiv U+Z

1K 148 9
                                    

"ဟေ့ကောင်"

အတွေးနဲ့ကြည်နူးနေတုန်းကြားလိုက်ရတဲ့ အသံဆိုးကြီးကြောင့် လန့်သွားတယ်

"ဟိုဆော့ မင်းကွာ လန့်သွားတာပဲ"

"လန့်သွားတယ် လုပ်မနေနဲ့ ငါတံခါးခေါက်တာတောင်မကြားအောင် ဘာတွေစိတ်ကူးယဉ်နေလဲမှမသိတာ"

"မနေ့က ဖြစ်သွားတာလေးကိုပါကွာ"

"သာယာနေတယ်ပေါ့လေ သွားရေချိုးတော့ စာကြည့်တိုက်သွားပြီးစာကြည့်မယ်ဆိုတာကိုမေ့နေတာလား"

ဟိုဆော့ပြောမှပဲသတိရတယ် ဒီနေ့ellaကိုစာရှင်းပြပေးမယ်ဆိုပြီး စာကြည့်တိုက်မှာချိန်းထားကြတာ

"အေးပါ သတိရပါတယ် မင်းကတော့အရမ်းတက်ကြွနေတာပေါ့"

"မဟုတ်ပါဘူးကွာ မင်းကလဲ"

"အေးပါ ရေမြန်မြန်ချိုးလိုက်မယ်"

ဟိုဆော့ကိုပြောပြီး ရေချိုးခန်းထဲပြေးဝင်ကာ မျက်နှာသစ် သွားတိုက်ပြီးရေကိုကပျာကယာ ချိုးပြီး ထွက်လာတော့ ကိုယ်တော်ချောက စာဖတ်နေတယ်

"ဟေ့ရောင် လှည့်မကြည့်နဲ့နော် ငါအင်္ကျီလဲဦးမယ်"

"မကြည့်ပါဘူးကွာ"

မကြည့်ပါဘူးသာ ပြောတာစိတ်ချရတာမဟုတ်တာကြောင့် ဘောင်းဘီကိုအရင်လဲလိုက်တယ် ပြီးမှ တီရှပ်တထည်တွေ့ရာဆွဲပြီး ဝတ်လိုက်မိတယ် ရွေးနေရင်အချိန်ကြာမယ်လေ

"ရပြီ သွားမယ်"

စားပွဲပေါ်ကကျောပိုးအိတ်ကိုယူရင်း ပြောလိုက်တယ်

"မြန်သားပဲ သွားကြမယ်"

နှစ်ယောက်သားပုခုံးဖက်ပြီး ထွက်လာကြတော့

"သားတို့သွားကြတော့မလို့လား မနက်စာစားသွားကြဦးလေ"

ထမင်းစားခန်းထဲကနေမေမေရဲ့ခေါ်သံကိုကြားလိုက်ရတယ်

"မင်းစားလာခဲ့လား ဟိုဆော့"

"ဟင့်အင်း အပြင်မှစားမလားလို့"

"ပိုက်ဆံကုန်တယ်အိမ်မှာပဲစားသွား"

ဟိုဆော့ပုခုံးကိုဖတ်ပြီး ထမင်းစားခန်းထဲဝင်တော့ မေမေနဲ့အိမ်အကူအဒေါ်ကြီးကထမင်းပွဲပြင်နေကြတယ်

SACRIFICE || 윤민홉 [Completed]Where stories live. Discover now