1.4

18.1K 1.9K 12
                                    

ဒီ​နေ့ Jing yang ဟာ LDY ရဲ့ သူငယ်​ချင်း​ဟောင်းဆီ သွားလည်​ဖြစ်​သည်​။ ဒီ ပုဂ္ဂိုလ်​ဟာ စာ​ပေ​လောကမှာထင်​ရှားတဲ့ ပုဂ္ဂိုလ်​တစ်​ဦးဖြစ်​သည်​။

လေးစားဖွယ်​​ကောင်းတဲ့ Zhang lao ငယ်​ငယ်​တုန်းက LDY ရဲ့ လက်​ရာကိုကြိုက်​ပြီး သူငယ်​ချင်း​တွေဖြစ်​လာခဲ့သည်​။ jing yang သူ့ဆီသွားလည်​တာက zhang က LDY နဲ့ ခင်​မင်​သည့်​သူဖြစ်​၍အပြင်​ တခြား​အ​ကြောင်းပြချက်​လည်းရှိ​သေးသည်​။ zhang lao သည်​ လူမှုကွန်​ရက်​မှာ ထင်​ရှားသည့်​သူ ဖြစ်​၍လည်းပါသည်​။

LJY ငယ်​ငယ်​တည်းက Zhang lao ကို အဖိုးဖြစ်​သူနှင့်​အတူ မကြာခဏ​တွေ့ဖူး​သော်​လည်း LDY ဆုံးသွားပြီး​နောက်​မှာ မ​တွေ့ဖြစ်​​တော့​ပေ။ jing yang က ရုတ်​တရက်​လာလည်​​တော့ zhang lao အံ့သြသွားသည်​။

ထိုနှစ်​က LDY ရုတ်​တရက်​ဆုံးသွား​တော့ zhang lao အလွန်​ဝမ်းနည်းခဲ့သည်​။ အခုLDYမြေးက ရုတ်​တရက်​အလည်​လာ​တော့ သူ့ဆီ အကူအညီတစ်​ခုခု လာ​တောင်းတာမှန်း ခန့်​မှန်းမိသည်​။ဒါ​ပေမဲ့ LDY နဲ့ခင်​မင်​ရင်းနှီးမှုကို​ထောက်​ထားပြီး လက်​ခံ​တွေ့ဆုံလိုက်​သည်​။

jing yang က အဓိကလာရင်းအ​ကြောင်းကို ချက်​ချင်းမ​ပြောဘဲ zhang lao နှင့်​ စကားစမြည်​သာ ​ပြော​နေခဲ့သည်​။ ကမ္ဘာ​ပေါင်းများစွာ ဝင်​စားပြီး​နောက်​မှာ zhang lao နဲ့ စကား​ပြောတာက သိပ်​မခက်​ခဲ​ပေ။စာ​ပေအ​ကြောင်း​ပြောရာမှာလည်း zhang lao နဲ့ အပြိုင်​လိုက်​​ပြောနိုင်​သည်​။

စကား​ပြောနေစဉ်​အတွင်းမှာ Zhang laoက jing yang ကို ပို၍သ​ဘောကျလာပြီး စိတ်​အားထက်​သန်​စွာ စကား​ပြောကြသည်​။ လူ​တွေက jing yang ကို ဘဝင်​မြင့်​တယ်​၊ ​နေ့တိုင်း​သောက်​စားမူးရစ်​တယ်​၊ ကိုယ်​ကျင့်​တရားမ​ကောင်းဘူးလို့​ပြောတာကို ကြားပြီး zhang lao သူ့သူငယ်​ချင်းအတွက်​ စိတ်​မ​ကောင်းဖြစ်​ရသည်​။ အခုကြည့်​​တော့ jing yang က​ ​ကောလဟာ​လ​တွေနဲ့မတူပါလား။

Zhang lao က ​အေးချမ်​ပြီးတိတ်​ဆိတ်​ငြိမ်​သက်​တာကို သ​ဘောကျလို့ သူ့သားသမီး​မြေးမြစ်​​တွေနဲ့ အတူမ​နေဘဲ ​တောင်​​ပေါ်ကစံအိမ်​မှာ စာဖိုမှူးတစ်​​ယောက်​ အ​စေခံ ၂​ယောက်​နဲ့ပဲ အတူ​နေသည်​။

ညစာစားဖို့အချိန်​လည်းကျ​ရော Jing yang သူ့ကို ချက်​ခွင့်​ပြုဖို့ခွင့်​​တောင်းသည်​။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now