2.3

12.6K 1.6K 24
                                    

Fairview ပြဇာတ်​ရုံက သတင်းလွှင့်​လိုက်​သည်​။ ၁၇ရက်​​နေ့ည​နေမှာ ပြတဲ့ ​အော်​ပရာပြဇာတ်​ကို ပထမဆုံးလာကြည့်​တဲ့ လူအ​ရောက်​ ၆၀ကို ဝင်​​ကြေးအခမဲ့ ဒါ့အပြင်​ လက်​ဖက်​ရည်​၊ အချိုပွဲ၊ ဖရဲ​စေ့နဲ့ သစ်​သီး​တွေပါ ​ကျွေးဦးမယ်​တဲ့။

ထို​ခေတ်​အခါတုန်းက ညဖက်​​ဖျော်​​ဖြေမှု​တွေကို လူတိုင်းမကြည့်​နိုင်​ကြဘူး။ ​ဆင်းရဲသား​တွေက ​အော်​ပရာပွဲကြည့်​ဖို့ ပိုက်​ဆံမတတ်​နိုင်​ကြဘူး။ ပိုက်​ဆံရှိတဲ့လူ​တွေက​တော့ အ​ကောင်းဆုံး ပြဇာတ်​ရုံကိုသာ ​ရွေးချယ်​ကြသည်​။

ဝင်​​ကြေးအခမဲ့ ဆိုတဲ့စကားက ဘယ်​​ခေတ်​မဆို ကြီးမားတဲ့ ဆွဲ​ဆောင်​ချက်​ဖြစ်​သည်​။ မုန့်​​တွေ လက်​ဖက်​ရည်​​တွေ အလကား​ကျွေးဦးမယ်​ဆို​တော့ ​ပြောစရာမလိုတော့ဘူး။ ​အော်​ပရာနား​ထောင်​ဖို့ ပိုက်​ဆံမရှိတဲ့လူ​တွေက အ​စောကြီးကတည်းက လာ​ရောက်​တန်းစီ​နေကြသည်​။ ပိုက်​ဆံနည်းနည်းရှိတဲ့လူ​တွေကလည်း ဝင်​​ကြေးအခမဲ့ဆို​တော့ အခွင့်​အ​ရေးအလွတ်​မခံဘဲ လာ​ရောက်​တန်းစီကြသည်​။

ဒီအရာ​တွေအားလုံးကို Jing yang က ​တောင်းဆိုထားခြင်းဖြစ်​သည်​။ ၁၇ရက်​​နေ့ ​အော်​ပရာအတွက်​ ကုန်​ကျစရိတ်​အားလုံးကို jing yang က ​ပေးထားခြင်းဖြစ်​သည်​။ ဆရာ wu က နည်းနည်း​တော့ တုန့်​ဆိုင်း​နေသည်​။ ဝင်​​ကြေးအခမဲ့ဆို​တော့ လာကြည့်​မည့်​လူက မနည်း​ပေ။ cheng သခင်​​လေး​ဖျော်​​ဖြေတာက လာတဲ့လူနည်းရင်​ ကိစ္စမရှိ​ပေမယ့်​ လူများရင်​ သူတို့ပြဇာတ်​ နံမည်​ကို ထိခိုက်​နိုင်​သည်​။

Jing yang က ဆရာ wu ကို ထပ်​ခါထပ်​ခါ ကတိ​ပေးထားသည်​။ သူသီချင်းဆိုတာ မ​ကောင်းဘူးဆိုရင်​ ​နောက်​တစ်​ခါ ဘယ်​​တော့မှမဆို​တော့ပါဘူး ဆိုတာဖြစ်​သည်​။ ဆရာWu ကလည်း အံကြိတ်​ပြီးလက်​ခံလိုက်​ရသည်​။

Jing yang က လူသိမခံချင်​ဘူးဆို​တော့ ဆရာ wu သူ့အတွက်​ မိတ်​ကပ်​ပြင်​ အဝတ်​လဲဖို့ အခန်းသပ်​သပ်​​ပေးထားသည်​။ ပြဇာတ်​ရုံတစ်​ခုလုံးမှာ ဆရာ Wu ကလွဲလို့ jing yang သီချင်းလာဆိုမယ်​ဆိုတာ ဘယ်​သူမှ မသိဘူး။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemUnde poveștirile trăiesc. Descoperă acum