6.3

11.9K 1.5K 24
                                    

Jing yang ဒီနေ့ည Orede ဆီသွားပြန်တော့ Orede က နတ်ဆိုးမှော်ရဲ့ နှိပ်စက်ခြင်းကို ခံနေရတာကို တွေ့လိုက်ရသည်။

Jing yang က သူ့ရှေ့မှာ ဒူးထောက်ပြီး Orede ရဲ့ မျက်နှာကို ပွတ်သပ်ပေးသည်။ သူ့ချစ်သူ ၅နှစ်လုံးလုံး ညတိုင်း ဒီလိုခံစားခဲ့ရမှာပဲလို့ တွေးပြီး ရင်တွေနာရသည်။

Orede ကလည်း jing yang ကို ဖက်ပြီး မျက်နှာကို jing yang လည်ပင်းမှာအပ်ကာ ကိုယ်သင်းနံ့ကို ရှုနေသည်။ jing yang က လက်တစ်ဖက်နဲ့ Orede ကို ဖက်ကာနှစ်သိမ့်ပေးပြီး ကျန်လက်တစ်ဖက်က Orede ရင်ဘတ်ကို ထိကာ အလင်းစွမ်းအင်သုံးပြီး နတ်ဆိုးမှော်ကို သန့်စင်တော့သည်။

Orede ရဲ့ နာကျင်မှုက ချက်ချင်းသက်သာသွားပေမယ့် jing yang ကို ဆက်ဖက်ထားသည်။ ဒီလူကို သူ့ရင်ခွင်ထဲမှာ ဖက်ထားရတာ အရမ်းကြိုက်တာပဲ။ တစ်ခါမှ ဒီလိုမခံစားဖူးဘူး။

ဒီလိုနဲ့ jing yang က ညတိုင်း Orede ရဲ့ နတ်ဆိုးမှော်အများကြီးကို သန့်စင်ပေးသည်။ နတ်ဆိုးမှော်သာ အားလုံးသန့်စင်ပြီးသွားပြီဆိုရင် Orede က ဒီလိုနာကျင်ပြီး နတ်ဆိုးမှော်ထိန်းချုပ်တာကို မခံရတော့ပေ။

ညမှာဆို Orede ဆီလာတယ် နေ့ဆိုရင် jing yang က သူ့အခန်းထဲမှာ အိပ်ခြင်းဖြင့် အချိန်ကုန်စေသည်။ အစောင့်တွေကတောင် သူအပြင်မထွက်တာကို ထူးဆန်းတယ်လို့ ခံစားမိလာသည်။ ထမင်းပုံမှန်လာပို့တဲ့သူကလည်း သူလာတိုင်း jing yang အိပ်နေတာချည်းမြင်နေရတာကြောင့် ထူးဆန်းနေသည်။ ၁၀ရက်တည်း အသက်ရှင်ရမယ့်လူက ဘာမှလည်း မလုပ်ပဲ အိပ်ချည်းနေတယ်။ မကြာခင်မှာ ထာဝရအိပ်ရတော့မှာကို အိပ်နေသေးတယ်။

Jing yang ဒီလိုအိပ်နေတာကို အစောင့်တွေသာမက သူ့ကို လျို့ဝှက်စွာ စောင့်ကြည့်နေတဲ့ သူတွေကပါ သံသယရှိလာသည်။

Carnia က သတင်းလည်းကြားရော ဘာတွေဖြစ်နေလဲဆိုတာ ချက်ချင်း လာကြည့်သည်။ သူလည်း ရောက်လာရော jing yang က စောင်ထဲမှာ ကွေးနေပြီဖြစ်သည်။

Carnia ရဲ့ အခြွေရံက အနားရောက်လာပြီး jing yang ရဲ့ စောင်ကို ဆွဲဖယ်သည်။ နောက်တစ်ယောက် ရေနွေးပူတွေ သယ်လာပြီး jing yang မျက်နှာကို လောင်းချသည်။ jing yang က ချက်ချင်းမျက်လုံးဖွင့်ပြီး ရှောင်လိုက်တော့ ရေနွေးပူတွေက ခေါင်းအုံးပေါ်ကျကာ အငွေ့တောင် ထွက်လာသည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now