5.14

15.7K 1.7K 24
                                    

Jing yang ဂိမ်းကနေထွက်ပြီး အပြင်ပြန်ရောက်လာတော့ လက်မှာ IV ပုလင်းကို တွေ့လိုက်ရသည်။ ပြန်နိုးလာပြီးတော့ ဆေးရုံမှာ ၂ရက်လောက် ထပ်နေရပြီး Ding nuoyang မိဘတွေက သူ့ကို အဖော်ပြုပေးသည်။ သူ ဘာမှမဖြစ်ဘူး သေချာမှ ဆေးရုံမှ ဆင်းခွင့်ပြုသည်။

Jing yang က Ding nuoyang မိဘတွေနဲ့ အိမ်ပြန်မလိုက်သွားပဲ သူဘာမှမဖြစ်ကြောင်း အထပ်ထပ်အခါခါ ပြောတော့မှ ခွင့်ပြုသည်။ jing yang က Ding nuoyang ရဲ့ တစ်ယောက်တည်းနေတဲ့ အိမ်ကို သွားသည်။ သူ့အဖေက ကုမ္ပဏီကို ခဏလောက်ဦးစီးပေးထားမှာ ဖြစ်ပြီး သူဘာမှ လုပ်စရာမလိုပဲ အေးအေးဆေးဆေး နားရန်သာ ပြောသည်။

Jing yang အခု တခြားကိစ္စတွေ ကိုင်တွယ်ဖို့ အားအင်တွေ ရှိနေပြီ။ Qi feng က သူ့ကို လာရှာမယ်လို့ပြောလို့ သူစောင့်နေတာ။ သူ့ချစ်သူမဟုတ်ဘူးဆိုရင် ဘာလုပ်ရမယ် ဘယ်လိုစီစဉ်ကမလဲဆိုတာ အားလုံးစဉ်းစားပြီးသွားပြီ သူပေါ်လာဖို့ကိုပဲ စောင့်နေတာ။

Jing yang အိမ်ပြန်ရောက်ပြီး ၂ရက်လည်းကြာတော့ သူစိုးရိမ်ပြီး စိတ်လှုပ်ရှားနေပြီ။ Qi feng သာ သူ့ချစ်သူမဟုတ်ဘူးဆိုရင် သူဘယ်လိုခံစားနေရမှန်းတောင် မသိတော့ဘူး။ သူသာ ဝမ်းနည်းမှုကို ခံစားနေရပြီဆိုရင် Qi feng ကို ချစ်မိနေတာ သေချာပြီ။ ဒါဆိုရင် အနာဂတ်မှာ တွေမယ့် သူ့ချစ်သူကို ဘယ်လိုရင်ဆိုင်ရမလဲ။

ရုတ်တရက်ကြီး jing yang က ဟင်းမချက်ချင်တော့ပဲ Ding nuoyang မကြာခဏသွားစားလေ့ရှိတဲ့ အနောက်တိုင်းစားသောက်ဆိုင်ကို သွားသည်။

အစားစားနေတုန်း ဝိတ်တာက တွန်းလှည်းတွန်းလာပြီး အမဲသား စတိတ်နဲ့ အနီရောင် ဝိုင်ပုလင်းကို လာပေးသည်။ jing yang က သူ့ကို ဝိုင်ထည့်ပေးနေတဲ့ ဝိတ်တာကို ပြောလိုက်သည်။ '' ကျွန်တော် ဒါတွေ မမှာပါဘူး။''

" လူကြီးမင်းတစ်ယောက်က မှာပေးထားတာပါ။'' ဝိတ်တာက တွန်းလှည်းအောက်က အဖြူရောင် နှင်းဆီပန်းစီးကြီးကို ပေးပြန်သည်။ '' ဒါကလည်း ဟိုလူကြီးမင်း ပေးတာပါ။''

" သူ့နံမည်ပြောလား။'' jing yang က မျက်မှောင်တွန့်နေပြီး နှင်းဆီပန်းကို မယူပေ။

" သူ့မျိုးရိုးနာမည်က Fengလို့ပြောပါတယ်။''

Feng? Jing yang က ဒီနံမည်ကို ကြားတော့ ခဏလောက်တွေးလိုက်ပြီး ပန်းစီးကို ယူလိုက်သည်။ Feng Qi က Qi feng ရဲ့ နံမည်အရင်းဖြစ်သည်။ jing yang က system ကို သုံးပြီး စုံစမ်းထားခြင်းဖြစ်သည်။ Feng Qi က Feng ကော်ပရေးရှင်းရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်ပြီး Feng မိသားစုရဲ့ ဒုတိယသခင်လေးဖြစ်သည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now