nine

3.3K 449 26
                                    

Zawgyi version

နီယွန်မီးရောင်စုံတို့ဖြင့်အလှဆင်သောညပျော်လူငယ်တို့နဲ့ပြည့်နှက်နေသည့်နယ်မြေ။ တစ်စတစ်စပျံ့လွင့်နေသောDJ beatတွေကြား စည်းချက်ကျကျ ကခုန်နေသောdance floorမှလူတို့ကိုကြည့်ရင်း ဂျီမင်းနှာခေါင်းရှုံ့မိသည်။ ဝိုင်အပြင်းစားဖြင့်ပနံသင့်ထားသောဖန်ခွက်အားကိုင်ထားသည့်လက်ချောင်းတို့ကိုအနည်းငယ်လှုပ်ရမ်းလိုက်တော့..နီရင့်ရင့်ဝိုင်အချို့ကဖန်ခွက်တွင်း ကခုန်လျက်။ လည်ချောင်းတစ်လျှောက်အပ်ရှစွာပြေဆင်းသွားသော အနီရင့်ရင့်ဝိုင်တို့ဟာခါးသက်လွန်းလှသည်။ သို့သော်လည်း..သူလိုချင်သောအရာကိုလုပ်ဆောင်နိုင်စွမ်းရှိသည်။ ခါးသက်ပြင်းရှသည့်အရည်အချို့ဟာတန်ဖိုးမြင့်လေပြင်းလေ၊ အကျိုးသက်ရောက်မှုပိုများလေ။ လူတစ်ယောက်ကိုတစ်သက်တာမဟုတ်တောင်တစ်ခဏမေ့ဖို့အတွက်တော့အကောင်းဆုံးပါတနာပင်။

စားပွဲပေါ်တွင်အဆင်သင့်ရောက်နေပြီဖြစ်သောပုလင်းအနက်ထဲမှအကောင်းစားဝိုင်အချို့ကို ဖန်ခွက်ထဲသို့ထပ်မံဖြည့်မိသည်။ သူ့လက်လှုပ်ရှားမှုကိုလိုက်၍ အနီရင့်ဝိုင်တို့ပုလင်းထဲမှနေ ဖန်ခွက်အတွင်းပြေးဆင်းသွားသည်ကိုကြည့်ရင်း. မနက်ကဟျောင်းနဲ့သူ့ပုံရိပ်တို့ဟာနီရင့်ရင့်ဝိုင်တို့ထပ်ထင်ယောင်လာသလို ဝိုင်တို့နှင့်ဖန်ခွက်အောက်ခြေရိုက်ခတ်ပြီးထွက်လာသည့်အသံလှိုင်းဟာဟျောင်း၏ဓားသွားသဏ္ဌာန်စကားလုံးတို့အနေဖြင့်သူ့နားစည်တွင်းဖြတ်သန်းလို့လာသည်။

သတင်းကြား.ကြားချင်းတွင်ဟျောင်း၏အဖြေအားအတည်ပြုရန်(ဟျောင်းနှုတ်မှဝန်မခံသရွေ့မယုံနိုင်ဟူသောစိတ်ဖြင့်) သူဟျောင်းရှိရာသို့သွားခဲ့ပါသည်။ သို့သော်..ဟျောင်းဟာသွေးအေးလွန်းလှသည်။ နှုတ်ခမ်းပါးတို့မှမညှာမတာထွက်လာသောစကားဆူးတို့ဖြင့်သူ့ရင်အားပစ်ခွင်းသည်။
တကယ်ဆို..သူမှားတာ။ သူသာမှားခဲ့တာ။ ဟျောင်းဟာသူ့ကိုမည်သည့်ခံစားချက်မှမရှိတော့မှန်းသိလျက်နဲ့မျှော်လင့်ချက်တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့သွားခဲ့တဲ့သူသာလျှင်မှားယွင်းနေခဲ့သူ။ ထားမိတဲ့မျှော်လင့်ချက်တွေဟာအကြိမ်ကြိမ်ရိုက်ချိုးခံခဲ့ရလည်းထိုလူသားရဲ့အငြင်းစကားကိုကြားရဖို့မိုက်ရူးရဲဆန်စွာသူဟျောင်းဆီသွားခဲ့မိသည်။ သို့သော်... သူမျှော်လင့်ခဲ့မိတာထိုdatingကိုငြင်းတဲ့ဟျောင်းရဲ့မဟုတ်ဘူးဆိုတဲ့အငြင်းစကားလေးတစ်ခွန်းတည်းရယ်ကိုပါ။

ʟᴇᴛ'ꜱ ʙʀᴇᴀᴋ ᴜᴘ / ᴄ /Where stories live. Discover now