အခန်း(၃) ခမ်းနားခံ့ညားသော အစပျိုးခြင်း

9K 1.2K 58
                                    

အနှစ်ချုပ်: နဂါးကြီးကပြောတယ်။ သူက ရတနာတွေကို သိမ်းဆည်းသိုလှောင်ရတာကို အလွန်နှစ်သက်တယ်တဲ့။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

အန်ဒီဟာ သူ့ရဲ့တပ်သားတွေကို စစ်မြေပြင်ကို ရှင်းလင်းပေးဖို့ အမိန့်ပေးလိုက်တယ်။

ကျွန်တော်တို့အထက် ကောင်းကင်ပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်ပျံသန်းနေတဲ့ နဂါးကြီးဟာ ကျွန်တော့်ရှေ့အနည်းငယ်အလိုက မြေကွက်လပ်ပေါ် ဆင်းသက်လာတာကို လူတိုင်းရဲ့အကြည့်တွေက ရောက်နေကြတယ်။

"ဒါက မင်းပြောဖူးတဲ့ မင်းကို ခဏခဏလာတိုက်နေတဲ့ အင်အားကြီးရန်သူတော်ကြီးဆိုတာလား"

သူဟာ သူ့ခေါင်းကိုလည်း စောင်းပြီး သူ့ရဲ့ အတောင်ပံကြီးတဖက်ကလည်း ထိုလူတွေကို လက်ညှိုးညွှန်ပြသလိုပုံနှင့် မေးလာတယ်။

ကျွန်တော်မျက်တောင်တချက်ပုတ်ခတ်လိုက်ပြီး ချက်ချင်းဖြေလိုက်တယ်။

"ဟုတ်တယ်"

ဒါဆို ဖရူဝီက ငါအရင်တုန်းကပြောခဲ့သမျှဟာတွေကို တကယ်ကြီးကို နားထောင်ပေးနေခဲ့တာပေ့ါ။

သူ နှာကို ၂ချက်မှုတ်ထုတ်လိုက်ပြီးနောက်မှာတော့ ပြောလာလေတယ်။

"ဒါကို စစ်ပွဲလို့တောင် ခေါ်လို့မရဘူး"

ကျွန်တော် သူဘာပြောချင်တာလဲဆိုတာကို နားမလည်စွာဘဲ သူ့ကို ကြည့်လိုက်မိတယ်။

သူက ပြောပြန်တယ်။

"ဒါက လမ်းဘေးအဆင့် သတ်ကြပုတ်ကြသလောက်ပဲ"

သတ်ကြပုတ်ကြတဲ့အဆင့်။ အဲဒါက လမ်းဘေးက လူမိုက်တွေ တယောက်နဲ့တယောက်စိန်ခေါ်တိုက်ခိုက်ကြတာကို သူဆိုလိုတာပဲ ဖြစ်ရမယ်။

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

ကျွန်တော် ဖရူဝီကို ကျေးဇူးတင်စကားပြောပြီး သူတခုခုလိုအပ်ရင်လည်း တောင်းနိုင်ပါကြောင်း သူ့ကို ပြောလိုက်တယ်။ ကျွန်တော် ပထမတွေးလိုက်တာက သူဘာမှ တောင်းလာမှာမဟုတ်ဘူးဆိုပြီးတော့ပါ။ နောက်ပြီး ကျွန်တော်ရဲ့တို်င်းပြည်လေးမှာ သူ့အတွက် အဖိုးတန်တာဆိုလို့ ဘာမှလည်း ရှိတာမဟုတ်ဘူးလေ။

ရှင်ဘုရင်ငယ်နှင့် နဂါးကြီး (Myanmar Translation)Where stories live. Discover now