အခန်း(၈) ဘဏ္ဍာတိုက်အသေးထဲကနေ ထွက်လာပြီးတဲ့ချိန်

7.5K 1.2K 10
                                    

အနှစ်ချုပ်: ဖရူဝီဟာ ဉာဏ်ကောင်းပြီး အရမ်းလည်း လှတဲ့နဂါးတကောင်လည်း ဖြစ်နေပြန်ပါတယ်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ဖရူဝီရဲ့ ပြန်ကောင်းလာမှုမြန်ဆန်ခြင်းကြောင့် ကျွန်တော် အတော်လေး မှင်သက်သွားမိပါတယ်။

နောက်တနေ့ကျွန်တော်နိုးလာတဲ့အချိန်မှာတော့ ဖရူဝီရဲ့ ပြတ်ရှဒဏ်ရာအကြီးကြီးဟာ အနာဖေးအနေနဲ့သာ ရှိပါတော့တယ်။ ပြီးတော့ ၃ရက်မြောက်တဲ့အချိန်မှာတော့ သူဟာ အေးအေးဆေးဆေးပဲ ကျွန်တော့်ကို ကျောပေါ်တင်ပြီး လေပေါ်မှာတောင် ပျံသန်းနေနိုင်ပါပြီ။

ကျွန်တော့်မှာတော့ သူ့ကို စိတ်ပူပေးနေလိုက်ရတာ။ သူကတော့ ခုကျ ပျံတောင်ပျံနေနိုင်ပြီတဲ့။ ကျွန်တော့်အချိန်တွေတော့ အလဟဿဖြစ်သွားတာပဲ။

စိတ်ပူပေးရတယ်ဆိုတဲ့ကိစ္စပြောနေလို့ ခုမှ သတိရသွားတယ်။ အရှင်ကာဗန်ဒစ်ရှ်ရဲ့ ဘေးကတိုင်းပြည်ကအရှင်တွေက ခုလတ်တလော စုပေါင်းအဖွဲ့ဖွဲ့ပြီး ကျွန်တော်တို့ကို အမြစ်ပြတ်ချေမှုန်းဖို့ ကြံစည်နေတယ်လို့ ကျွန်တော်တို့ရဲ့ သူလျှိုတွေက သတင်းပို့လာတယ်ဗျ။

အရင်ထဲက အဲ့နားက တိုင်းပြည် ၃ခုက အာဏာကို အညီအမျှခွဲယူထားကြတဲ့လူတွေဆိုတော့ အခုကျွန်တော်တို့က အရှင်ကာဗန်ဒစ်ရှ်ရဲ့တိုင်းပြည်ကို သိမ်းလိုက်တယ်ဆိုတာက သူတို့အတွက်တော့ တော်တော်စိတ်မသက်မသာဖြစ်ရမယ့်ကိစ္စပဲလေ။

ကျန်တဲ့အရှင်နှစ်ယောက်လုံးမှာ ကိုယ်စီကိုယ်စီ အဆင့်မြင့်မှော်ဆရာ ၂ယောက်စီ ရှိတဲ့အပြင် သူတို့ ၂ယောက်ပေါင်းရဲ့အင်အားကလည်း တော်တော်ခန့်မှန်းဖို့ ခက်ပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တယောက် အစီရင်ခံစာကို ဖတ်ပြီးတဲ့နောက် နေမကောင်းချင်သလိုတောင် ဖြစ်လာရပါတယ်။

ကျွန်တော့်မှာ ဖရူဝီနဲ့တူတူ ကမ်းခြေတလျှောက် အေးအေးလူလူလမ်းလျှောက်နေရသော်လည်း စိတ်ထဲမှာတော့ အဲ့အကြောင်းကို တနုံ့နုံ့စဉ်းစားနေရဆဲပါပဲ။ လမ်းလျှောက်နေစဉ်မှာ သူဟာ သူ့အမြီးကြီးကို တရမ်းရမ်းလွှဲနေတာများဆို အောက်က သဲတွေ ကျောက်ခဲလေးတွေတောင် လေပေါ်ကို မြောက်မြောက်တက်လာနေတယ်။

ရှင်ဘုရင်ငယ်နှင့် နဂါးကြီး (Myanmar Translation)Where stories live. Discover now