အခန်း(၁၂) ကြီးကျယ်မြင့်မြတ်သောအရှင်တပါးရဲ့ ခေတ်တခု

8.5K 1.1K 87
                                    

အနှစ်ချုပ်: ကျွန်တော်တို့ရဲ့ ဗုံမဝင် ဆုံမဝင်အရှင်လေးက ကျွန်တော်တို့ကို အမြင်ကျယ်ဖို့၊ စာပေကို ပိုမိုလိုက်စားဖို့နဲ့ ဖီနန့်ကုန်းမြေတိုက်မှာ တယောက်ထဲ အထီးကျန်တဲ့ဘဝကို ဖြတ်သန်းနေထိုင်ရတာက မကောင်းဘူးဆိုတာတွေကို သင်ပြပေးနေလေရဲ့။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ကျွန်တော် မျက်မမြင်ဖြစ်သွားပေမယ့်လည်း ကျွန်တော်တို့တိုင်းပြည်ရဲ့ ဂုဏ်သတင်းနဲ့ အလေးသာမှုအခြေအနေတွေက တုတ်တုတ်လေးမှတောင် ပြောင်းလဲသွားခဲ့ခြင်းမရှိပါဘူး။

ထိုအစား ကျွန်တော်တို့ဟာ ပိုပိုပြီးတော့တောင် အားကောင်းလာနေခဲ့ပါတယ်။ အဲလိုနဲ့ တဖြည်းဖြည်း မြောက်ပိုင်းတကျောမှာတော့ အင်အားအကြီးဆုံးနဲ့ အာဏာအပြင်းဆုံးဖြစ်လာခဲ့ပါပြီ။ အခုအားလုံးသိထားကျတာကတော့ ကျွန်တော်တို့ဟာ အရှင်အန်းစိုင်းနှင့်တကွသော တောင်ပိုင်းမဟာမိတ်တပ်ကြီးကို ရင်ဆိုင်ဖို့အချိန်ကျရောက်လို့လာပြီဆိုတာပါပဲ။

ဖရူဝီနဲ့ ကျွန်တော်တွေ့ဆုံခဲ့တာကလည်း အခုဆိုရင် ၃နှစ်ကျော်သွားခဲ့ပါပြီ။

လွန်ခဲ့တဲ့ ၂နှစ်ကစပြီး သူဟာ သူ့ရဲ့ လူပုံသဏ္ဍာန်ကို ထိန်းထားနိုင်ဖို့အတွက်အစွမ်းလုံလုံလောက်လောက် ရှိလာခဲ့တာပါ။ ပြီးတော့ သူ့မှာရှိနေတဲ့ ဒဏ်ရာတွေဟာလည်း လုံးဝအရှင်းကြီးကို ပျောက်ကင်းသွားပါပြီ။ သို့သော်လည်း ဖရူဝီဟာ ကျွန်တော့်ဘေးနားမှာပဲနေပြီး ကျွန်တော့်ကို ထားသွားခြင်းမရှိပါဘူး။

ကျွန်တော်အခုစိုးရိမ်နေတာက ကျွန်တော့်ရဲ့ အခုလို ဘဝလေးပျက်သွားမှာကိုပါ။ ဘာပဲဖြစ်ဖြစ် အရှင်အန်းစိုင်းနဲ့ တိုက်ရခိုက်ရပြီဆိုရင် အခြေအနေတွေက ပြောင်းလဲသွားတော့မယ်။

ကျွန်တော်အခုလက်ရှိ ပိုင်ဆိုင်ထားတဲ့ဘဝလေးကို အထိခိုက်မခံလိုပါဘူး။ မယ်တော်ရော အန်နာရော ကျန်းမာနေကြတယ်။ ကျွန်တော့်ညီတော်လေးကလည်း ပညာတွေကို သေချာသင်ယူရင်း ကြီးပြင်းလာနေတယ်။ ကျွန်တော့်ပြည်သူတွေနဲ့ ကျွန်တော့်အမတ်ကြီးတွေဟာလည်း လုံလောက်အေးချမ်းတဲ့ဘဝကို ရနေကြတယ်လေ။

ရှင်ဘုရင်ငယ်နှင့် နဂါးကြီး (Myanmar Translation)Where stories live. Discover now