အခန်း(၉) မိစ္ဆာမြူးတဲ့လ (ခ)

877 128 0
                                    

Release That Witch
ရိုလန်​နှင့်​မိစ္ဆာ၏ သမီးပျိုများ

မူရင်းရေးသားသူ....Er Mu
ဘာသာပြန်သူ....ဖိုးစမ်းချောင်း

"သိပ်အများကြီးတော့မရှိပါဘူးမင်းသား"
မုဆိုးက ပြန်ပြောလိုက်သည်။

"မိစ္ဆာမြူးတဲ့လရောက်တိုင်း အဲဒီလို မျိုးစပ်ထားတဲ့
မိစ္ဆာသားရိုင်းနှစ်ကောင်၊သုံးကောင်လောက်ပဲ
တွေ့ရပါတယ်။အများကြီးတွေ့ရရင်လည်း
လောင်းဆောင်းပုန်းခိုရာက
ဘယ်တောင့်ခံနိုင်တော့မလဲ"

"ဟုတ်ပြီ.ခဗျားကြည့်ရတာ လေ့လာမှု
ှုတော်တော်ကောင်းတာပဲ" ရိုလန်က
ထပြိး မေးလိုက်သည်။

"ခဗျားနာမည် ဘယ်လိုခေါ်သလဲ....
ခဗျားပုံစံက ကျုပ်ရဲတိုက်က အမှုထမ်းတွေလို
မိစ္ဆာသားရဲတွေကို ကြောက်နေတဲ့ပုံမပေါ်ဘူး"

"ကျွန်တော်မျိုးက မိုဂျင်းကလန်ကပါ...
သံမဏိပုဆိန်လို့ လူတွေက ခေါ်ကြပါတယ်"

မိုဂျင်းကလန်က သူ့နယ်မြေ၏
အနောက်တောင်ဘက်ရှိ ရှားမင်းတိုင်းပြည်က
ဖြစ်ပြီး လူ့ဘီလူးများထံမှ ဆင်းသက်လာသော
မျိုးနွယ်ဖြစ်သည်ဟု လူတွေက ပြောကြသည်။

ရိုလန် မိုဂျင်းကလန်နှင့် ရှားမင်းတိုင်းပြည်
အကြောင်း သူ့မှတ်ဥာဏ်သစ်ထဲမှာ
စူးစမ်းကြည့်သည်။ကြည့်ရသည်မှာ ဒီမုဆိုးက
သူ့ကိုယ်သူ မိုဂျင်းကလန်နှင့်ဆက်စပ်နေကြောင်းသိပ်ပြောချင်ပုံမရ​​ပေ။

သူ့ကိုယ်သူသုံးစွဲသည့်နာမည်တောင်မှ
မျိုးရိုးနာမည်မဟုတ်ပဲ ဒီမြို့က
လူတွေတင်စားခေါ်ဝေါ်သည့်နာမည်ကိုသာ
သုံးစွဲခြင်းဖြစ်သည်။ကြည့်ရသည်မှာ
ဒီမုဆိုးကျော်တွင် ကြေကွဲဖွယ်အတိတ်ဇာတ်လမ်း တခုခုရှိပုံပေါ်သည်။

ဒါပေမယ့် အဲဒီဇာတ်လမ်းတွေက အရေးမကြီးပါ။လူတိုင်းကို ဒီနယ်စပ်မြို့က ကြိုဆိုပါသည်။
သူတို့၏နောက်ခံက ဘာဖြစ်ဖြစ်
နယ်စပ်မြို့လေးက အရေးမစိုက်ပါ။

ရိုလန်က လက်ခုပ်တီးပြီး စစ်သူကြီးကာတာကို
ခေါ်လိုက်သည်။

" မင်းတို့ဘယ်ကလာတယ်ဆိုတာကို
မေးဖို့ငါက ခေါ်တာမဟုတ်ပါဘူး...
ဒီတိုင်းမေးကြည့်တာပါ...
သူတို့တယောက်စီကို ရွှေပြားဆယ်ပြားစီ
ဆုချီးမြှင့်လိုက်ပြီး ပြန်လွှတ်လိုက်ပါကာတာ"

ရိုလန်​နှင့်​မိစ္ဆာ၏ သမီးပျိုများحيث تعيش القصص. اكتشف الآن