အခန်း(၂၆) သမိုင်းကြောင်းကပေးသောသင်ခန်းစာ

726 123 1
                                    

Release That Witch(ရိုလန်​)
ရိုလန်​နှင့်​မိစ္ဆာ၏ သမီးပျိုများ

မူရင်းရေးသားသူ....Er Mu
ဘာသာပြန်သူ....ဖိုးစမ်းချောင်း

“အခုလုပ်နေတာတွေ့ရဲ့ ရည်ရွယ်ချက်က?"

ကာတာအစက ရိုလန်က ရည်ရွယ်ချက်ရှိရှိ
လုပ်ဆောင်နေသည်ဟု ထင်ခဲ့သော်လည်း
ယခုတော့ ရိုလန်က ဟာသလုပ်နေတာလားဟု
ယူဆလာပြီဖြစ်သည်။

စစ်သားတယောက်ဖြစ်လာရန်အတွက်
သူတို့ကို လေ့ကျင့်ပေးခဲ့သည့်နည်းလမ်းထက်
ကောင်းသောနည်းလမ်းမရှိဟု
စစ်သူကြီးကာတာက ယုံကြည်ထားသည်။

သူ့မိသားစုက သူဆယ်နှစ်သားကတည်းက
စစ်ပညာများကို စနစ်တကျသင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဆယ့်ငါးနှစ်တွင်မူ သူက လေ့ကျင်မှုမျိုးစုံကို
လုပ်ဆောင်ခဲ့ရပြီးဖြစ်သည်။ထိုငါးနှစ်အတွင်း
စစ်သည်များကိုင်ဆောင်သော လက်နက်မျိုးစုံကို
သူလေ့ကျင့်ခဲ့ရပြီး ခန္ဓာကိုယ်သန်စွမ်းအောင်လည်း
အပတ်တကုပ်ကြိုးစားခဲ့ရသည်။

စစ်သားတယောက်ကို ငါးနှစ်ကျော်ထိ
လေ့ကျင့်ပေးမည်ဆိုလျှင်တော့ထိုစစ်သားများက
လက်ရွေးစင်စစ်သားများဖြစ်လာမည်ဖြစ်ပြီး
စစ်သူရဲကောင်းများအဖြစ်သက်မှတ်ခံရမည်ဖြစ်သည်။

ထိုကဲ့သို့ဖြစ်လာရန်က သာမန်အရပ်သားတဦး
အနေဖြင့်စိတ်ကူးယဉ်နိုင်သောအခြေအနေမဟုတ်ပေ။

သူ့ရှေ့က လူအုပ်ကြီးကို ကာတာ
ငေးကြည့်လိုက်သည်။ဒီလူတွေက ကြက်ဥစားဖို့သာ
စိတ်အားထက်သန်နေကြသည့်
လူအုပ်ကြီးဖြစ်သည်။
ကြည့်ရင်း ကြည့်ရင်း ကာတာဒေါသထွက်လာသည်။
ကြက်ဥတွေက ဈေးကြီးသော အာဟာရဖြစ်သည်။

ဒီလိုအမှိုက်တွေအတွက် မင်းသားက
ကြက်ဥတွေကို ဖြုန်းတီးတော့မှာလား။
ရိုလန်က ကာတာကို လှမ်းပြောလိုက်သည်။

“ငါဘာလုပ်တယ်ဆိုတာ သေချာကြည့်ပြီး
အကုန်မှတ်သားထားပါ...
ဒါက နောက်ရက်တွေမှာ
မင်းတို့လေ့ကျင့်ပေးရမယ့်ဟာတွေပဲ..
အသေးစိတ်အချက်တွေကို ငါ စာရွက်ပေါ်မှာ
ရေးပေးထားမယ်”

ဒီလို ဥရောပရှေးခေတ်မှာ
တလ၊နှစ်လလောက် လေ့ကျင့်ပေးရုံနဲ့
ဒီလူတွေက စစ်သားကောင်းတွေဖြစ်လာနိုင်သလား။

ရိုလန်​နှင့်​မိစ္ဆာ၏ သမီးပျိုများWhere stories live. Discover now