အခန်း(၁၅) ​မြှောက်​ပင့်​စည်းရုံးခြင်း

759 120 0
                                    

Release That Witch(ရိုလန်​)
ရိုလန်​နှင့်​မိစ္ဆာ၏ သမီးပျိုများ

မူရင်းရေးသားသူ....Er Mu
ဘာသာပြန်သူ....ဖိုးစမ်းချောင်း

“ကဲ ကြည့်စမ်းပါဦး..
မင်းက တိရစ္ဆာန်အငယ်လေးတွေကို
ကုသပေးနိုင်တယ်..ဘာကြောင့် ကိုယ့်ကိုကိုယ် မိစ္ဆာလို့ ထင်ရတာလဲ?

နာနားက ပြန်ဖြေလိုက်သည်။

“ဆရာက ပြောတယ်...
စုန်းမတွေဆိုတာ သာမန်လူတွေ
မလုပ်နိုင်တာကို လုပ်နိုင်တယ်တဲ့....
တခါတလေကျ စုန်းတွေရဲ့
အစွမ်းတွေက မဆိုးဘူးပြောတယ်....
ဒါပေမယ့် တနေ့နေ့ကျ မိစ္ဆာနောက်လိုက်
ဖြစ်သွားမှာပဲတဲ့…”

ကောင်မလေးက ကြောက်ကြောက်နှင့်
ဆက်ပြောသည်။
“ကျွန်မပြောတာ ယုံပါမင်းသား..
တခါမှ မိစ္ဆာတွေကို မတွေ့ဖူးသေးပါဘူး”

“ဒါပေါ့..မင်းဘယ်တွေ့ဖူးမလဲ...
ဘုရားကျောင်းက ပြောတာတွေက
မုသားတွေချည့်ပဲ...
မင်းဆရာလည်း အယူဝါဒမှားတွေကို
အမှန်ထင်ပြီး မင်းတို့ကိုပြန်သင်ပေးခဲ့တာကိုး”
ရိုလန်က ဖြေးငြင်းစွာရှင်းပြလိုက်သည်။

“ဘုရားကျောင်းက လိမ်တယ်..တကယ်ကြီး”
နာနား ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“မဖြစ်နိုင်လိုက်တာ..
ဘုရားကျောင်းက ဘာလို့လိမ်ရမှာလဲ”
နာနား တုန်လှုပ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

ရိုလန်က ခေါင်းကို ခါယမ်းရုံသာ
ခါယမ်းပြီး ဘာမှ ဆက်ရှင်းမပြတော့...
သူဆက်ရှင်းပြရင်တောင် သူတို့က
နားလည်နိုင်မည်မဟုတ်ပေ....
လူ့သမိုင်းတလျှောက် ဒီလိုဖြစ်စဉ်မျိုးက
ထပ်ခါတလဲလဲဖြစ်ခဲ့ပြီးဖြစ်သည်။
လူသားများသည် ကိုးကွယ်ရာ
တခုမဟုတ်၊တခုတော့ရှာကျန်​ကိုးကွယ်လေ့ရှိပြီး
မိမိကိုယ်ကို အကြောက်တရားထဲ
နှစ်မြှပ်ထားလေ့ရှိသည်။

သဘာဝဘေးအန္တရာယ်၊လူသားများကြောင့်
ဖြစ်လာသော ဘေးအန္တရာယ်၊နားလည်ရန်ခက်ခဲသော
ကိစ္စရပ်များဖြစ်ပေါ်လာခဲ့ပါက
သူတို့က မမြင်ရသော လက်မည်းကြီးတခုခုကို
ပုံချလေ့ရှိပြီး ထိုမမြင်ရသော
လက်မည်းကြီးကို ဖြေရှင်းရန်အတွက်
တစုံတယောက်၊သို့မဟုတ်
တစုံတခုကို ကိုးကွယ်ဆည်းကပ်ကြပေသည်။

ရိုလန်​နှင့်​မိစ္ဆာ၏ သမီးပျိုများWhere stories live. Discover now