အခန်း (၄၂) မ​တော်​တဆမှု

556 94 0
                                    

Release That Witch(ရိုလန်​)
ရိုလန်​နှင့်​မိစ္ဆာ၏ သမီးပျိုများ

မူရင်းရေးသားသူ....Er Mu
ဘာသာပြန်သူ....ဖိုးစမ်းချောင်း

"မိစ္ဆာသားရိုင်းတွေကိုက်တာ ခံရရင်
ဘာဖြစ်သွားလဲ…..
အကိုက်ခံရတဲ့လူတွေရော
မိစ္ဆာသားရိုင်းတွေလိုဖြစ်သွားတာလား"

Resident Evilဇာတ်ကားထဲကလို လူတွေက
ဖုတ်ကောင်အဖြစ်ပြောင်းလဲမသွားလောက်
ပါဘူးလေဟု ရိုလန်မျှော်လင့်မိသည်။
ဒီလို ဥရောပအမှောင်ခေတ်မှာတော့
အဲဒီဇာတ်ကားထဲကလို ဗိုင်းရပ်စ်တွေ
ပျံ့နှံ့အောင်လုပ်ပြီး လူတွေကို
ကူးစက်စေနိုင်တဲ့ နည်းပညာမရှိလောက်
သေးပါဟု သူ့ဘာသူအတွေးပွားနေမိသည်။

"ဘယ်ကလာ..မင်းသားရယ်...
အတွေးအခေါ်စူးရှချက်" သံမဏိပုဆိန်တောင်
အူကြောင်ကြောင်ဖြစ်သွားသည်။

"အဲဒီလူတွေက လူသေကောင်တွေပဲ ဖြစ်သွားတာပါ"

"အဲဒီမိစ္ဆာသားရိုင်းတွေရဲ့ အသားကရော
စားလို့ရသလား"

"ဘယ်လိုဘယ်လို...မိစ္ဆာတွေရဲ့ အသားကို
စားချင်သေးတာလားမင်းသားက…
အဲဒီအကောင်တွေက ငရဲတံခါးဝက
ပျံ့လာတဲ့မိစ္ဆာဓာတ်တွေ ပူးကပ်ခံနေရတာလေ"

ကာတာက ကြားဖြတ်အော်တော့သည်။
ရိုလန်၏ မေးခွန်းများကို ခံစားလို့ရပုံမပေါ်တော့။

ရိုလန်က သံမဏိပုဆိန်ဖြေတာကိုပဲ စောင့်နေသည်။ဒီမုဆိုးက လက်တွေ့ကျပြီး ရဲရင့်သည်။

"စစ်သူကြီးပြောတာ မှန်ပါတယ်မင်းသား..
ကျနော် တခါတုန်းက မိစ္ဆာသားရိုင်းတကောင်ကို
သတ်ပြီး ကျနော့်ခွေးတွေကို ကျွေးခဲ့ပါတယ်...
စားပြီးသိပ်မကြာပါဘူး.သူတို့သေသွားကြတယ်"

"အဲဒီလိုလား..နှမြောစရာကောင်းလိုက်တာ"

ရိုလန်သက်ပြင်းချလိုက်သည်။
ဒီဒေသမှာ အသားငါးက အလွန်ရှားပါးသည်။
မိစ္ဆာသားရိုင်းတွေ၏အသားကိုသာ
စားနိုင်မည်ဆိုလျှင် သူတို့မြို့လေးမှာ
ဆောင်းတွင်းရောက်တိုင်း စားနပ်ရိက္ခာက
ဗုံးပေါလအောရနိုင်မည်ဖြစ်သည်။

မြို့ရိုးတခုလုံးကို လှည့်ပတ်စစ်ဆေးပြီးနောက်
နာနားဆီသွားလည်ဖို့ဆုံးဖြတ်လိုက်သည်။

ရိုလန်​နှင့်​မိစ္ဆာ၏ သမီးပျိုများWhere stories live. Discover now