Chapter-7

18.8K 1.8K 29
                                    

မိုးကသည်းထန်စွာရွာသွန်းနေသည်ကို ငေးနေမိသည်။ အငြိုးတကြီးမိုးစက်တွေကြား ရုတ်တရက်ပြေးလွှားသွားကြရသူတွေနှင့် ရုတ်ရုတ်သဲသဲဖြစ်နေ၏။တိုက်ခန်းအိမ်ယာ တစ်ခုရှေ့က ကော်ရစ်တာလေးတွင် Chanyeol ရပ်နေသည်။သူ စောင်မပေးခဲ့သည့် Jisan တို့ က ထမင်းဖိတ်ကျွေးချင်သည်ကို မဝံ့မရဲတောင်းဆိုလာတော့ သူ အားနာစွာဖြင့်လာခဲ့လိုက်တာ.။သူ၏ ကြွယ်ဝ ချမ်း သာ မှု. ဂုဏ်ရှိန်ကြီးမှုတွေကို Jisan တို့ရှိန်နေမှန်းသိပါသည်။သို့ပေမယ့် သူလည်းတစ်ချိန်က ကြိုးစားရုန်းကန် ခဲ့ရသည် ပဲမို့ သူ့ အတွက် ကတော့ ပကာသနဆိုသည်မှာ အရေးမပါ။ သူ တိုက်ပေါ်က ဆင်းလာတော့ မိုးက မသည်းသေး။ခုတော့ Jisan တို့ကိုထီးလာပို့ခိုင်းရအောင်လည်း မလုပ်ချင်တော့သဖြင့် အတန်ငယ်လှမ်းသည့်နေရာတွင် ရပ်ထားသည့် ကားဆီကိုသာ မျှော်ငေးနေမိသည်။ဒီက အပြန်ပွဲတစ်ခုတက်စရာရှိသည်ကြောင့် အဝတ်အစားတွေက မိုးစိုလို့မဖြစ်။

“ကိုကို-”

ထင်ယောင်ထင်မှားပင်ဖြစ်နေပြီလားမသိတော့။ထိုခေါ်သံသည် ခုတလော သူ့ကိုသိပ်ပြီးအနှောင့်အယှက်ပေးလွန်းသည်။

“ကိုကို-ထီးမပါလို့မလား။”

ဘေးကိုကြည့်လိုက်မိတော့ ထီးအဝါလေးကိုင်လျက် ပြုံးပြနေသည့် BaekHyun ။အဖြူရောင်ရှပ်လက်တိုလေးဖြင့် BaekHyun က နုနုငယ်ငယ်။ ဆံစတို့ မိုးထိထားဟန်ဖြင့် နဖူးထက်တွင် ဟိုတစ်စ သည်တစ်စ။

“မင်း ငါ့နောက်များလိုက်နေသလား ဟမ်--”

“သြော် ကိုကို့ နားနေချင်တော့ လိုက်ရတာပေါ့။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ တိုက်ဆိုင်တာပါနော်။ဒီတိုက်က ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆီလာတာ.”

Chanyeol က ယုံချင်စရာ ဟူသောမျက်နှာထားဖြင့် နှုတ်ခမ်းတစ်ချက်တွန့်သည်။လက်က နာရီကိုလည်းတကြည့်ကြည့်လုပ်နေ သေးသည်။ မိုးကဖြင့် ရွာကောင်းဆဲ။

“ဘယ်လိုလုပ်မလဲ ကိုကို-ဖူးစာထင်တယ်နော်.ကျွန်တော်တို့”

“ကဲ Byun BaekHyun - မင်းလေး ကိုယ့်လမ်းကိုယ်သွားပါ။ ”

“နှင်မယ်ဆိုတာချည်းပဲ ။သွားမှာပါ ရော့---ထီးယူထား ကျွန်တော်က အိမ်တန်းပြန်မှာ စိုလည်းရတယ်။ ကိုကို ဆိုင်ဖွင့်ပွဲတစ်ခုတက်ပေးရမှာမလား။”

ကိုကို့အရှင်သခင်Where stories live. Discover now