Chapter-24

26.8K 2.2K 139
                                    

Chapter-24

“ကလေးက ဘာမှမဖြစ်ပါဘူး Chanyeol လန့်ပြီးသတိလစ်သွားတာ.။ခဏလေးနေရင် သတိရလာလိမ့်မယ်”

လိုအပ်သည့်စမ်းသပ်မှုများကို KyungSoo က ပြုလုပ်ပြီးသည့်တိုင် Chanyeol စိတ်မအေးနိုင်သေး။ VVIP အခန်းထက်က ဆေးရုံကုတင်လေးပေါ်တွင် Aeri လေးကအိပ်ပျော်နေသည်။

“မင်းလက်က ဘာဖြစ်တာလဲ.။ကလေး ရဲ့အင်္ကျီ က မင်းလက်က သွေးတွေစွန်းနေတာထင်တယ်”

“ဟင်-”

Chanyeol ခုမှ သူ့လက်ကိုဖြန့်ကြည့်မိသည်။အနီရောင် အစွန်းအထင်းတို့က အနည်းငယ်ခြောက်သွေ့နေလေပြီ။သမီး ဆီက မဟုတ်ရင် ဒါက ဖြစ်နိုင်သည်က ..။ သူ့ ရင်ထဲဒိန်းခနဲဖြစ်သွားသည်။

“Chanyeol  ညစာနည်းနည်းစားလိုက်ဦး ကျွန်မဝယ်လာတယ်.”

ထိုအသံကြားလျှင် Chanyeol ဆတ်ခနဲလှည့်ကြည့်လိုက်မိသည်။ Kan HaeSoo က စားသောက်စရာအချို့ကိုဝယ်လျက် အခန်းထဲ ကိုဝင်လာသည်။

“မင်း ကဘာလာလုပ်တာလဲ”

“သူက မင်းနောက်က တစ်ချိန်လုံးပါလာတာပဲ.မင်းခေါ်လာတာမဟုတ်ဘူးလား”

KyungSoo က စားပွဲပေါ်က ရေတစ်ဖန်ခွက်ကိုငှဲ့သောက်ရင်းအေးအေးဆေးဆေးပြောသည်။ Chanyeol ခေါင်းခါလိုက်၏။

“ဘာလို့ ငါက ခေါ်လာရမှာလဲ ငါ့စိတ်ထဲ သမီးကိုပဲစိုးရိမ်နေတာ.သူဘယ်လိုပါလာမှန်းတောင်သိတာမဟုတ်ဘူး။ထွက်သွား Kan HaeSoo အခန်းထဲကနေ.”

“ဒီမှာ Aeri အတွက် ကျွန်မလည်းစိတ်ပူတယ် Chanyeol ကျွန်မ က Aeri မေမေပါ။”

“မင်း ခေါ်သွားပြီးဂရုမစိုက်လို့ သမီးကဒီလိုဖြစ်တာလေ.ဘာကိုအမှတ်လာဝင်ယူချင်နေတာလဲ။”

“အို ကျွှန်မလုပ်တာလား ဒါက အဲ့ဒီ Byun BaekHyun -”

“မင်း ပါးစပ်ပိတ်ပြီး အခန်းထဲကထွက်သွားတော့.။မဟုတ်ရင် လူခေါ်ပြီး ငါဆွဲထုတ်မယ်”

Chanyeol မျက်လုံးထဲတွင် BaekHyun ကိုအထိမခံနိုင်သည့်အရိပ်တစ်ချို့ကိုဖမ်းမိလိုက်သည့်အခါ Kan HaeSoo အံတင်းတင်းကြိတ်မိသည်။စိမ်းတောက်နေသည့် Chanyeol မျက်ဝန်းတွေကြောင့်သူမ နောက်ဆုတ်ကာ အခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။

ကိုကို့အရှင်သခင်Where stories live. Discover now