Chapter -16

21.5K 1.9K 54
                                    

Chapter-16

BaekHyun ၏ကုမ္ပဏီကိစ္စအထွေထွေသည်ရှင်းလင်းသွားခဲ့ပြီးပြီ။မရိုးသားသည့်နည်းလမ်းဖြင့်ရှယ်ယာတွေပိုင်ဆိုင်နေသည့် မန်နေဂျာကြီးကိုလည်းတ၇ားစွဲဆိုထောင်ထဲထည့်စေသည်။ထပ်တိုးအဖြစ် BaekHyun မိခင်ကိုသေစေမှုပြစ်ဒဏ်ကိုပါ Chanyeol က အကောင်းဆုံးရှေ့နေငှားလျက် သက်သေရှာကာ တရားစွဲသည်။သူ့အတွက်လုပ်ပေးခဲ့သမျှ အတွက် BaekHyun ပျော်နေမိတာများတလွင့်လွင့်။ ခုတော့ Chanyeol က ကုမ္ပဏီကို အတွင်းရေးမှူးကောင်းတစ်ယောက်လွှတ်လျက်တာဝန်ကူယူ စေသည်။ Aphrodite သင်တန်းကျောင်းကိုသွားလျက် ကုမ္ပဏီလာလိုက်နှင့် ဘာမှ ပင်ပင်ပန်းပန်းလုပ်စရာမရှိသည့်ဘဝတစ်ခု ကို Chanyeol က ဖန်တီးပေးထားသည်မို့ တစ်ခါတစ်လေ. BaekHyun က Chanyeol ကိုအနားမှာပြုစုပေးချင်တာလား။ Chanyeol ကာကွယ်မှုအောက်သူ ရောက်နေတာလား မသဲကွဲ။

သင်တန်းကျောင်းဝင်းထဲရောက်တော့ BaekHyun မျက်မှောင်ကြုံ့သွားရသည်။ကားပါကင်ကနေ လျှောက်လာသည့် Chanyeol ဘေးတွင် တော်တော်လှသည့် အမျိုးသမီးတစ်ယောက်။Chanyeol မျက်နှာမှုန်ကုတ်နေခဲ့သည့်အပြင်ဒေါသပါယှက်နေသည်ကို BaekHyun အဝေးကနေပင် ခံစားမိသည်။ တစ်ခုခုကိုပြောဆိုနေကြပုံရပြီး Chanyeol က လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ ထိုအမျိုးသမီး၏ မျက်နှာတွင်မူကာ ငိုရိပ်ဆင်လျက်.။ BaekHyun ထိုနားလေးကို ပြေးသွားလိုက်မိပါတော့သည်။

“ကိုကို-”

“BaekHyun-”

BaekHyun ပြုံးပြရင်း Chanyeol ဘေးနားယှဉ်ရပ်လိုက်သည်။ လက်ရှိ သူ က ကိုကို့ယောကျာ်းပဲမို့ ကိုကို့လက်မောင်းကိုပါ တွဲချိတ်လိုက်သည်။

“ညီလေး လား Chanyeol.။ ကျွန်မ သူ့ကိုတောင်မမြင်ဖူးဘူးနော်.”

Chanyeol က ခနဲ့ပြုံးတစ်ခုဖြင့် သူ့ကိုချိတ်ထားသည့် BaekHyun လက်တွေကိုဖြုတ်ချပြီး လက်ဖဝါးချင်းသွယ်ယှက်ဆွဲ ကိုင်လာသည်။

“ငါတို့က ညီအကိုနဲ့တူနေလို့လား။ နှုတ်ဆက်လိုက်ပါဦး ဒါ ငါ့ရဲ့ ခင်ပွန်း Park BaekHyun ”

သူမ မျက်နှာ တော်တော်လေးအံ့သြပုံရသွားကာ Chanyeol ကိုအလန့်တကြားကြည့်လာသည်။

“ဘယ်လိုလုပ်.ရှင် ဘယ်တုန်းက ယောက်ျားလေးတွေကြိုက်တတ်လို့လဲ.။ကျွန်မ လက်လျှော့အောင်သက်သက်ညာမနေပါနဲ့Chanyeol ။ ”

ကိုကို့အရှင်သခင်Where stories live. Discover now