3

2.3K 237 46
                                    

မနက်ခင်းရဲ့ နေရောင်ခြည်ဖျဖျက လိုက်ကာစကို ဆွဲဖယ်လိုက်တာနဲ့ အခန်းထဲကို ဖြန့်ကျက်လာတယ်....။

နံရံကပ်နာရီကို လှမ်းကြည့်လိုက်မိတော့ မနက်၇နာရီထိုးနေပြီ...။

ကျောင်းပိတ်ရက်မလို့ အစောကြီး မထဖြစ်၊ အစ်ကို့အလုပ်ပိတ်ရက်ဖြစ်တာကြောင့်လည်းပါသည်။

ကျနော်တို့ အိပ်ခန်းက ဝရန်တာနဲ့တွဲထားတဲ့ အစွန်ဆုံး အခန်းမလို့ ပြတင်းတံခါးလည်းပါသလို ညဘက်ဆိုလည်း အခန်းပြင်က ကြယ်လေးတွေကို ငေးကြည့်လို့ရသည်လေ..၊ ရာသီဥတုသာယာခဲ့ရင်ပေါ့...။

အခုချိန်ထိ မနိုးသေးပါတဲ့ အစ်ကို့ကို လှမ်းကြည့်လိုက်ရင်း နှူတ်ခမ်းပါးတို့ဟာ သူ့အလိုလို တွန့်ချိုးပြုံးလို့နေတယ်...။

ကုတင်ရှိရာဆီပြန်သွားရင်း နတ်သက်ကြွေလာသလားလို့တောင် သံသယဝင်လာချင်မိတဲ့အထိ အိပ်မောကျနေသော ချောမောလွန်းနေပာတဲ့ အစ်ကို...။

တစိမ့်စိမ့်ကြည့်နေရင်းက ကြည့်လို့မဝနိုင်တဲ့အထိ ... ၊ အစ်ကိုမသိအောင် မနက်အိပ်ရာထတိုင်း အစ်ကို့မျက်နှာလေးကို တမေ့တမော ငေးမောတတ်တာ အကျင့်တစ်ခုလိုတောင် ဖြစ်နေပြီ...။

အကျေကောက်ဖွထားတဲ့ ငွေမင်ရောင် ဆံနွယ်တွေက အစ်ကို့ရဲ့ နဖူးပေါ် ကပိုကရို ဝဲကျနေသည်...။ ညင်သာစွာ ဆံနွယ်လေးတွေကို လက်ချောင်းသွယ်သွယ်တို့နဲ့ ဖယ်ရှားလိုက်ရင်းပေါ်လာတဲ့ အစ်ကို့နဖူးပြေပြေလေးကိုကို ခပ်ဖွဖွ နမ်းရှိုက်လိုက်မိသည်။

မှိတ်ထားတဲ့ မျက်ခွံလေးတွေကို အသာတကြည် လက်ဖျားထိပ်လေးတွေနဲ့ တို့ထိနေရင်း အစ်ကို နိုးသွားမလားလည်း စိုးရိမ်ရသေးသည်။

မျက်တောင်ရှည်ရှည်ကော့ကော့လေးတွေကအစ တကယ် မနာလိုချင်စရာကောင်းလောက်အောင် လှရက်နိုင်ပါသော အစ်ကိုပါလေ...။

ဘယ်သူကထင်မိမှာလဲ အိုဆယ်ဟွန်းဆိုတဲ့ ကျနော့်ဘဝမှာ ဒီလောက်ထိ အရူးအမူး ချစ်သွားရလောက်တဲ့ အစ်ကို့်လို လူတစ်ယောက် ရှိလာလိမ့်မယ်လို့.... ။

ကျနော် အစ်ကို့်ကို စတွေ့တည်းက ဘယ်လောက် သဘောကျခဲ့ရလဲ အစ်ကိုမှမသိခဲ့ပဲ...

ReplayWhere stories live. Discover now